ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်၊ မနက်ပိုင်းက စစ်တပ်ကနေ လေကြောင်း တိုက်ခိုက်ခဲ့လို့ ခြောက်ယောက် သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့ မနက် ၁၀ နာရီ၊ မိနစ် ၄၀ နဲ့ ၄၅ မိနစ်ဝန်းကျင်က ကျောက်တော်မြို့နယ်၊ ကန်စောက် တောင်တန်းအောက် ကြောင်ဖို၊ နန်းတက်၊ ပြောင်းဆိပ် စတဲ့ ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်ခံရမှု ဆက်တိုက် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“လတ်တလော လူသေဆုံး၊ ဒဏ်ရာရတာက ကြောင်ဖိုကျေးရွာမှာပါ။ ကြောင်ဖိုကျေးရွာ အလယ်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်တာ။ တခြားကျေးရွာတွေ အခြေအနေကတော့ မသိရသေးဘူး။ သေဆုံး၊ ဒဏ်ရာရက တိုးလာနိုင်ခြေ ရှိနေပါတယ်။ မြေပြင် အခြေအနေ မငြိမ်သေးတဲ့အတွက် အသေးစိတ်ကို ပြောလို့ မရသေးပါဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်တပ် ဘက်ကရော AA ဘက်ကပါ တရားဝင် သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါ။
Crd – VOM
—————————
THN Public Media
