နိုင်ငံတကာ

ခါမေနီ သေဆုံးကြောင်း အီရန် ရုပ်သံ အတည်ပြု

TEHRAN, IRAN – FEBRUARY 9: (—-EDITORIAL USE ONLY – MANDATORY CREDIT – ‘IRANIAN LEADER PRESS OFFICE / HANDOUT’ – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS—-) Iran’s Supreme Leader Ali Khamenei addresses to the public on the occasion of the 47th anniversary of the Iranian Revolution according to Iranian state television in Tehran, Iran on February 9, 2026. (Photo by Iranian Leader Press Office/Anadolu via Getty Images

မတ်လ ၁ – ၂၀၂၆

အီရန်ခေါင်းဆောင် အာယာတိုလာ အာလီ ခါမေနီ သေဆုံးသွားပြီလို့ အီရန်နိုင်ငံပိုင် ရုပ်သံက အတည်ပြု ပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အပြင်းအထန် တိုက်ခိုက်မှုအတွင်း တီဟီရန် က ခါမေနီ ရဲ့ ရုံးနေရာ တဝိုက် ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အစ္စရေး ဝန်ကြီးချုပ် နဲ့ သမ္မတ ထရမ့် တို့က ခါမေနီ သေဆုံးပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခု မတ်လ ၁ ရက်နေ့မှတော့ အီရန် နိုင်ငံပိုင် ရုပ်သံကပါ အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

ခါမေနီ အပြင် စစ်ဖက် အရာရှိ အပါအဝင် အစိုးရ ထိပ်တန်း အရာရှိတွေ လည်း သေဆုံးခဲ့ပြီ လို့ အစ္စရေးနဲ့ အမေရိကန်က ပြောကြားထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *