THN Public Media Blog သတင်း War ချင်းပြည်နယ် ကျင်ဒွေးမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ၈ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
War

ချင်းပြည်နယ် ကျင်ဒွေးမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ၈ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ဧပြီ ၂၉ – ၂၀၂၆

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ လူ ၈ ဦး သေဆုံးပြီး တခြားလူ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။

ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကျင်ဒွေးမြို့ မုန်းချောင်း တံတား အနီးကို လေကြောင်း တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိနေတယ်လို့ သိရပါတယ်။

” ခုသိရသလောက်က ရှစ်ယောက်သေတယ် သိရတယ် ။ အမျိုးသားက ခုနှစ်ယောက်နဲ့ အမျိုးသမီးတယောက်ပါ။ ဒဏ်ရာရလည်းရှိတယ်။ ကားနဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးသွားတယ် သိရတယ် ။ ” လို့ စစ်ရှောင် အရေးကူညီနေသူက ပြောပါတယ်။

အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျင်ဒွေးမြို့၊ မုန်းချောင်းတံတားဟာ ကန်ပက်လက်မြို့နဲ့ ပလက်ဝမြို့ကို သွားလာနိုင်တဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။

ကန်ပက်လက် မြို့နယ် ဟာ ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက် ထားတဲ့ မြို့တမြို့ဖြစ်ပြီး မကြာသေးခင်ကမှ စစ်အုပ်ချုပ်ရေး ကြေငြာ ထားတဲ့ မြို့နယ်ဖြစ်ပါတယ်။

ကျင်ဒွေးမြို့ကို ၂၀၂၄ ဧပြီလ ၂၉ ရက်နေ့မှာ ချင်းညီနောင် (CB) နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ကန်ပက်လက်မြို့ ကိုတော့ အဲဒီနှစ် ဒီဇင်ဘာလမှာ သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်ထဲက ချင်းညီနောင်တပ်တွေ သိမ်းပိုက်ထားတဲ့ ကန်ပက်လက်၊ ကျင်ဒွေး အပါ မြို့နယ်တွေကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ရေး အတွက် လေကြောင်းကနေ တိုက်ခိုက်မှုပြုပြီး မြေပြင် စစ်ကြောင်းထိုး ရှင်းလင်းဖို့ပါ လုပ်ဆောင်လာတဲ့ သဘောရှိတယ်လို့ သိရပါတယ်။

ပြီးခဲတဲ့ ရက်ပိုင်းကလည်း ချင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ် ခဲ့တာ ဖြစ်ပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version