THN Public Media Blog သတင်း နိုင်ငံတကာ ဂမ်ဘီယာက မြန်မာအပေါ် တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု ICJ မှာ ရှေ့လ ပြန်လည် ကြားနာမယ်
နိုင်ငံတကာ

ဂမ်ဘီယာက မြန်မာအပေါ် တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု ICJ မှာ ရှေ့လ ပြန်လည် ကြားနာမယ်

ဒီဇင်ဘာ ၂၀ – ၂၀၂၅

ဂမ်ဘီယာက မြန်မာအပေါ် တရား စွဲဆိုထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု နဲ့ ပတ်သက်ပြီး ရှေ့လ ဇန်နဝါရီ ၁၂ ရက်နေ့ ကနေ ၂၉ ရက်နေ့ အထိ နယ်သာလန်နိုင်ငံ သယ်ဟိတ်မြို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ပြန်လည်ကြားနားမှုတွေ ပြလုပ်မယ်လို့ ICJ ကနေ မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီကြားနာမှုကို နှစ်ဘက်စလုံးက လူကိုယ်တိုင် နှုတ်နဲ့ လာရောက် လျှောက်လဲရမှာ ဖြစ်ပြီး အမှုကို ဂမ်ဘီယာ အပြင် ၁၁ နိုင်ငံက ကြားဝင် ပါဝင် ဆောင်ရွက်ခွင့် ရထားတာ ဖြစ်ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ကြားနာမှုကို ၂၀၂၂ တုန်းက ပြလုပ်ခဲ့ရာ ဦးကိုကိုလှိုင် ဦးဆောင်တဲ့ စစ်ကောင်စီ ကိုယ်စားလှယ် အဖွဲ့ လာရောက် အမှု ရင်ဆိုင်ခဲ့ပါတယ်။

၂၀၁၉ တုန်းကတော့ ပထမအကြိမ်ကြားနာမှုမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ခုခံ လျှောက်လဲ ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ လျှောက်လဲထားချက်တွေကို NUG က ၂၀၂၂ မှာ ပြန်လည်ရုတ်သိမ်းကြောင်း ICJ တင်ပြခဲ့ပြီး မြန်မာစစ်ကောင်စီကို ခေါ်ယူ ကြားနာမှုတွေ မလုပ်ဘဲ NUG ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အမှု နောက်ခံသမိုင်းအကျဉ်း

—————————

#တရားစွဲဆိုမှု

ဂမ်ဘီယာနိုင်ငံသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်သည်ဟုဆိုကာ ICJ တွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

#တောင်းဆိုချက်များ

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ နစ်နာသူများအား လျော်ကြေးပေးရန်နှင့် နောက်နောင် ထပ်မံမဖြစ်ပွားစေရန် အာမခံချက်ပေးရန် ဂမ်ဘီယာက တောင်းဆိုထားသည်။

#ကြားဝင်လျှောက်ထားသည့် နိုင်ငံများ

ဤအမှုတွင် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ယူကေ၊ မော်လ်ဒိုက်၊ ဆလိုဗေးနီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယံနှင့် အိုင်ယာလန် စသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံ က ကြားဝင်ပါဝင်ဆောင်ရွက်ရန် လျှောက်ထားမှုကို တရားရုံးက လက်ခံခဲ့သည်။

________________________________________

ကြားနာပွဲ အစီအစဉ်ဇယား (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ)

ရက်စွဲ အစီအစဉ်

ဇန်နဝါရီ ၁၂ – ၁၅ ဂမ်ဘီယာနိုင်ငံ ၏ ပထမအကျော့လျှောက်လဲချက်များ။

ဇန်နဝါရီ ၁၆၊ ၁၉၊ ၂၀ မြန်မာနိုင်ငံ ၏ ပထမအကျော့ လျှောက်လဲချက်များ။

ဇန်နဝါရီ ၂၁ – ၂၃ သက်သေများကို စစ်ဆေးခြင်း (တံခါးပိတ်အစည်းအဝေးများ)။

ဇန်နဝါရီ ၂၆ – ၂၇ ဂမ်ဘီယာနိုင်ငံ ၏ ဒုတိယအကျော့ လျှောက်လဲချက်များ။

ဇန်နဝါရီ ၂၈ – ၂၉ မြန်မာနိုင်ငံ ၏ ဒုတိယအကျော့ လျှောက်လဲချက်များ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version