နိုင်ငံရေး

ဂမ်ဘီယာ နဲ့ မြန်မာ အမှု အတွက် စဥ်းစားဆုံးဖြတ်မှုတွေ စတင် တော့မယ်လို့ ICJ ထုတ်ပြန်

ဇန်နဝါရီ ၃၀ – ၂၀၂၆

ဇန်နဝါရီ ၁၂ ရက်နေ့ က စတင်ခဲ့တဲ့ နှစ်ဘက်လျှောက်လဲ မှုတွေ ပြီးဆုံး သွားပြီ ဖြစ်လို့ စဥ်းစားဆုံးဖြတ်ဖို့ စတင် တော့မယ်လို့ ICJ တရားရုံး က မနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တရားရုံး ဆုံးဖြတ်ပြီးပါက အမိန့်ကို လူထုကြားနာပွဲမှာ ကြေညာသွားမှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ဂျီနိုဆိုက် ကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာ က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ၂၀၁၉ ကတည်းက တရားစွဲဆိုထားတဲ့ အမှု အတွက် နှစ်ဘက်လျှောက်လဲချက်တွေ မနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

နောက်ဆုံးပိတ် ကြားနာမှု အတွက် နှစ်ဘက် သက်သေတွေကိုလည်း တံခါးပိတ် မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *