နိုင်ငံရေး

ဂမ်ဘီယာ ဘက်က ဒုတိယ အကျော့လျှောက်လဲချက်စတင်၊ နည်းပညာ အခက်အခဲကြောင့် အခုကြားနားမှုကို live ထုတ်လွှင့်မှု မရှိကြောင်း ICJ ကြေညာ

ဇန်နဝါရီ ၂၆ – ၂၀၂၆

ICJ မှာ ဂမ်ဘီယာ ဘက်က ဒုတိယ အကျော့ လျှောက်လဲချက်တွေ ဒီကနေ့ မနက် ၁၀ နာရီမှာ စတင်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပညာ အခက်အခဲကြောင်း အခု မနက်ပိုင်း ကြားနားမှုကို live ထုတ်လွှင့်မှု မရှိကြောင်း ICJ က ကြေညာထားပါတယ်။

ဂမ်ဘီယာ ဘက်က ဒီကနေ့နဲ့ မနက်ဖြန် ၂ ရက် ဒုတိယ အကျော့ လျှောက်လဲ မှာ ဖြစ်ပြီး အဲဒီနောက် မြန်မာဘက်က ဇန်နဝါရီ ၂၈ နဲ့ ၂၉ မှာ နောက်ဆုံးပိတ် လျှောက်လဲရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ကနေ ၂၃ အထိ သက်သေတွေကို တံခါးပိတ် စစ်ဆေးခဲ့တာ ရှိသလို ဂမ်ဘီယာ ဘက်က ကျွမ်းကျင်သူ ကို မေးခွန်း မေးတဲ့ အစီအစဥ်လည်း ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု အတွက် မတားဆီး နိုင်ခဲ့ဘူး ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာ ကနေ မြန်မာ အပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

၂၀၁၉ ကတည်းက စတင်ကြားနာခဲ့တာ ဖြစ်ပြီး အခု ကြားနာမှုကတော့ နောက်ဆုံး ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *