THN Public Media Blog သတင်း နိုင်ငံရေး ဂမ်ဘီယာ ရဲ့ စွပ်စွဲချက် ပယ်ချခံရမှာသာ ဖြစ်ကြောင်း မြန်မာဘက်က ရှေ့နေ လျှောက်လဲ
နိုင်ငံရေး

ဂမ်ဘီယာ ရဲ့ စွပ်စွဲချက် ပယ်ချခံရမှာသာ ဖြစ်ကြောင်း မြန်မာဘက်က ရှေ့နေ လျှောက်လဲ

ဇန်နဝါရီ ၂၀ – ၂၀၂၆

မနေ့ ဇန်နဝါရီ ၁၉ ICJ မှာ မြန်မာဘက်က ဦးဆောင်ရှေ့နေ Mr. Christopher Staker က ဒုတိယ နေ့ အဖြစ် လျှောက်လဲခဲ့ရာ ဂမ်ဘီယာ ရဲ့ စွပ်စွဲချက်ဟာ ပယ်ချခံရမှာသာ ဖြစ်ကြောင်း ချေပသွားခဲ့ ပါတယ်။

လူမျိုးသုဥ်းသတ်ဖြတ်မှု စွပ်စွဲထားတဲ့ ဂမ်ဘီယာ အနေနဲ့ လုံလောက်တဲ့ အထောက်အထား မရှိသလို ဂမ်ဘီယာ ဘက်က လာရောက်ထွက်ဆိုဖို့ အထောက်အထား ပေးနိုင်သူ မရှိတာကြောင့်လို့ ဆိုပါတယ်။

ဂမ်ဘီယာ အနေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ရဲ့ အစီရင်ခံစာပါ တွေ့ရှိချက်တွေကို တင်ပြနေတာသာ ဖြစ်ပြီး ကိုယ်တိုင် ရှာဖွေဖေါ် ထုတ်ထားတာ မဟုတ်ကြောင်း လျှောက်လဲခဲ့ပါတယ်။

ဂမ်ဘီယာက ကိုးကားတဲ့ FFM နဲ့ တခြားအဖွဲ့အစည်း အစီရင်ခံစာတွေ သတင်းဆောင်းပါးတွေဟာ ဘင်္ဂလားဒေ့ရှ် စခန်းတွေက သတင်း အချက်အလက် တွေ ပေါ်သာ အခြေခံထားပြီး ပြောကြားသူရဲ့ နာမည်ကို ထုတ်ဖေါ်ခြင်းမရှိသလို အဲဒီ စခန်းက သူတွေဟာ ARSA အဖွဲ့ကို ကြောက်နေကြရသူတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

လူမျိုးသုဉ်းသတ်ဖြတ်မှု ဆိုတဲ့ အလွန်ကြီးလေးတဲ့ စွပ်စွဲချက် အတွက် အလွန်မြင့်မားတဲ့ သက်သေပြဖို့ တာဝန် အတွက် FFM၊ NGO ဒါမှမဟုတ် အလားတူ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာ ဒါမှမဟုတ် မီဒီယာ ဆောင်းပါး တွေနဲ့ သက်သေမပြနိုင်ကြောင်းကိုလည်း Mr. Christopher Staker က လျှောက်လဲခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version