နိုင်ငံရေး ပြည်တွင်း

‘’ငါ့လှေငါထိုး ပဲခူးရောက်ရောက်‘’ စိတ်မမွေးကြဖို့ အပါအဝင် စစ်ကော်မရှင် ဥက္ကဌ ရဲ့ NCA ၁၀ နှစ်ပြည့် အဓိက ပြောကြားချက်များ

Myanmar’s junta chief Min Aung Hlaing delivers a speech during a ceremony to mark the 10th anniversary of the Nationwide Ceasefire Agreement (NCA) in Naypyidaw on October 15, 2025. (Photo by AFP) (Photo by STR/AFP via Getty Images)

အောက်တိုဘာ ၁၇ – ၂၀၂၅

အောက်တိုဘာ ၁၅ ရက်နေ့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ‌ဘောတူစာချုပ် NCA ၁၀ နှစ်ပြည့် နေပြည်တော် အခမ်းအနား မှာ စစ်ကော်မရှင် ဥက္ကဌ ရဲ့ အဖွင့်မိန့်ခွန်းပြောကြားချက်တွေထဲက အဓိက အချက်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

‘’နွားကွဲရင်ကျားဆွဲတတ်တယ်’’ ‘’ငါ့လှေငါထိုင်း ပဲခူးရောက်ရောက်‘’ စိတ်မမွေးကြဖို့ နဲ့ ‘’ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်’’ ဆိုတာ အလေးထားဖို့လိုတယ်လို့ တိုင်းရင်းသားအဖွဲ့တွေကို ရည်ညွှန်းပြောကြား။

———————

၂၀၂၁ အာဏာသိမ်းပြီး NCA ၇ ဖွဲ့ နဲ့ NCA မထိုးရသေးတဲ့ ၃ ဖွဲ့ အပါ အဝင် နိုင်ငံရေးပါတီတွေနဲ့ ၂၀၀၈ ခြေဥ ပြင်နိုင်ရေး ၄၃ ချက်ကို သဘောတူခဲ့၊ အဲဒါကို လာမယ့်လွှတ်တော်မှာ တင်ပြပြီး ဆက်ဆောင်ရွက်မယ်။

————–

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် “လဲရာသူခိုးထောင်း” ဖြစ်နေတဲ့ ပြည်သူလူထုရဲ့ မျက်နှာကို ကြည့်ကြပါ။

———-

လက်နက်စွဲကိုင်ပြီး လိုချင်တာတွေကို တောင်းဆိုတာဟာ မိမိတို့ ဒေသခံ ပြည်သူ လူထုကို ဖွံ့ဖြိုးမှု နောက်ကျအောင် ဆွဲချနေတာပဲဖြစ်ပါတယ်။

ဒီတောင်းဆိုမှုတွေကို လွှတ်တော်မှာတောင်းဆိုရမှာ ဖြစ်။

—————–

ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်ခိုင် မာမာ ရပ်တည်ပြီး မမှိတ်မသုန် ဆောင်ရွက်သွားမယ်ဆိုတာ ထပ်လောင်း ပြောကြား လို။

—————-

ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲ ပြီးရင် ရလဒ် အတိုင်း ပေါ်ထွက်လာတဲ့ အစိုးရကို ဒီမိုကရေစီ စံနှုန်းများနဲ့ အညီ အာဏာလွှဲမယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးပေါင်း ပါဝင်ပေးကြဖို့တိုက်တွန်း။

—————–

ပါတီကြီးတွေပဲ အနိုင်ရတာမျိုး မဖြစ်ရအောင် အချိုးကျ ကိုယ်စားပြုစနစ် PR စနစ်ထည့်သွင်း

———————

NCA လမ်းကြောင်းပေါ်မှာ စည်းလုံးညီညွတ်စွာ ထာဝရ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းကြဖို့ နိဂုံးချုပ်ပြော

—————–

အပိုဆောင်း ပြောကြားချက်

၈၈ မှာ ဒီမိုကရေစီကိုသွားချင်တယ် ဆိုလို့ တပ်မတော်က ဦး‌ဆောင်ပြီး လုပ်ပေးခဲ့။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုသွားဖို့။

———————

ဖြစ်နိုင်တာကို လုပ်ပေးမယ် တိုင်းရင်းသားတွေကလည်း ဖြစ်နိုင်တာကို တောင်းဆိုဖို့ လုပ်ကြဖို့လို။

————————

ရွေးကောက်ပွဲမှာ ၅၇ ပါတီပြိုင်မယ် တနိုင်ငံလုံး အဆင့်က ၆ ပါတီ – လွှတ်တော် ကိုယ်စားလှယ်လောင်းပေါင်း ၅၀၀၀ ကျော် ရှိ ဒါကြောင့် ရွေးကောက်ပွဲ အားကောင်းမယ် free and fair ဖြစ်ရမယ်။

စက်နဲ့ မဲပေးမှာ လုံးဝ မှားစရာ လိမ်စရာ လုပ်လို့မရ။

—————————-

ရွေးကောက်ပွဲ အပိုင်း ၁ – ၁၀၂ မြို့နယ် ကျင်းပမယ်။ အပိုင်း ၂ မှာ မြို့နယ် ၁၀၀ မှာ ကျင်းပမယ်။ ကျန်တာ တတိယ အကြိမ်မှာ လုပ်မယ်။

—————-

တပ်မတော်ပါရင် မလုပ်ဘူးပြောနေကြ – ကျွန်တော် ကိုယ်တိုင် လက်မှတ် ထိုးထားတာ NCA မှာ။

—————–

တိုင်းပြည် ဒုက္ခရောက်အောင် မလုပ်ကြဖို့၊ တိုင်းပြည်ကောင်းဖို့ လုပ်ဖို့ ရှိရင် သူ့အနေနဲ့ အဆင်သင့်ရှိနေတယ်။

Leave a Reply

Your email address will not be published. Required fields are marked *