နိုင်ငံတကာ သတင်း

ငြိမ်းချမ်းရေးနိုဘဲလ် ဆုဟာ ဗင်နီဇွဲလား ပြည်သူတွေ နဲ့ သမ္မတထရမ့်ကို ရည်စူးကြောင်း နိုဘဲလ်ဆုရှင် မာချာဒို ပြောကြား

အောက်တိုဘာ ၁၀ – ၂၀၂၅

ငြိမ်းချမ်းရေးနိုဘဲလ်ဆုဟာ ဆင်းရဲဒုက္ခခံစားနေရတဲ့ ဗင်နီဇွဲလား ပြည်သူတွေအတွက်နဲ့ ကျွန်မ တို့ရဲ့ ရည်မှန်းချက်တွေကို ပြတ်ပြတ်သားသား ထောက်ခံအားပေးခဲ့တဲ့ သမ္မတ ထရမ့်အတွက်ပါ ရည်စူး အပ်ပါ တယ်လို့ နိုဘဲလ်ဆုရှင် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို က ပြောကြားလိုက်ပါတယ်။

မာချာဒို က သူ့ရဲ့ X မှာ ရေးသားဖေါ်ပြထားတာ ဖြစ်ပြီး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရယူနိုင်ဖို့ အတွက် သမ္မတ ထရမ့်၊ အမေရိကန်ပြည်သူတွေ၊ လက်တင် အမေရိက ပြည်သူတွေနဲ့ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေဟာ ကျွန်မတို့ရဲ့ အဓိက မဟာမိတ်တွေ အဖြစ် အရက်ကထက် ပိုမို အားထားနေရတယ်လို့ ဖေါ်ပြထားပါတယ်။

အခုလို “ဗင်နီဇွဲလား ပြည်သူအားလုံးရဲ့ ရုန်းကန်လှုပ်ရှားမှုကို အသိအမှတ်ပြုလိုက်တာဟာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်တဲ့ လွတ်လပ်ရေးကို အောင်ပွဲခံနိုင်ဖို့ အတွက် တွန်းအားတခု ဖြစ်ပါတယ်… ကျွန်မတို့ဟာ အောင်ပွဲရဲ့ တံခါးဝမှာ ရောက်ရှိနေပြီ’’ ဖြစ်တယ်လို့ ရေးသား ဖေါ်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *