THN Public Media Blog သတင်း နိုင်ငံရေး ငြိမ်းချမ်းရေး အတွက် ကရင် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေး
နိုင်ငံရေး သတင်း

ငြိမ်းချမ်းရေး အတွက် ကရင် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေး

စက်တင်ဘာ ၂၈ – ၂၀၂၅

‘’ငြိမ်းချမ်းရေး အတွက် ကရင်လက်နက်ကိုင် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ’’ ကို BGF နယ်မြေ တခုမှာ ဒီကနေ့ ကျင်းပခဲ့ကြောင်း သိရပါတယ်။
BGF DKBA နဲ့ KNU-KNLA – PC ၃ ဖွဲ့ တွေဆုံခဲ့တာ ဖြစ်ပြီး အခြေအနေ မျိုးမျိုးကြောင့် KNU ကတော့ ပါဝင်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို BGF က ဗိုလ်မှူးချုပ် စောချစ်သူ၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး နဲ့ KNU-KNLA – PC က ဒုဥက္ကဌ ဒေါက်တာ နော်က‌ပေါ်ထူး တို့ ဦးဆောင်တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်နယ်မြေမှာ အထူးသဖြင့် တပ်မဟာ ၇ မှာ စစ်မဖြစ်အောင် အရင် ကတည်းက ကရင် ၄ ဖွဲ့ ကြိုးပမ်းလာခဲ့ပေမယ့် အခုအချိန်မှာ စစ်ပွဲတွေ ပြင်းထန် လာတဲ့ အပေါ် ဆွေးနွေးခဲ့ကြတာ လို့ သိရပါတယ်။
စစ်ပွဲကြောင့် ပြည်သူလူထု ထိခိုက်မှုတွေ အတွက် ဘယ်လို ဆောင်ရွက် ကြမလဲဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

BGF – နယ်ခြားစောင့်တပ် (ကရင်)
DKBA – ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်
KNU-KNLA – PC – ကရင်ငြိမ်းချမ်းရေးကောင်စီ
ဓါတ်ပုံ – BGF

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version