War

စဉ့်ကူးမြို့ကို စစ်တပ် ပြန်ထိန်းချုပ်

ဒီဇင်ဘာ ၁၉ – ၂၀၂၅ PDF ထိန်းချုပ်ထားခဲ့တဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို လက်ရှိမှာ စစ်တပ်က ပြန်လည် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ စဉ့်ကူးမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ မြေပြင်ကနေ သာလွန်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာတာ ဖြစ်သလို လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေလည်း အဆက်မပြတ် ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေး တလနီးပါး အကြာမှာတော့ စဉ့်ကူးမြို့အဝင် ငါးမိုင်အကွာက စစ်ရေးအတွက် အချက်အခြာကျတဲ့ လက်ပန်လှရွာ အပါအဝင် မိုးကုတ် – မန္တလေး လမ်းပိုင်း တခုလုံးနီးပါးနဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Read More
War နိုင်ငံရေး

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ကို ဝန်းရံကြောင်း BNRA သဝဏ်လွှာပေးပို့

ဒီဇင်ဘာ ၁၆ – ၂၀၂၅ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ဖွဲ့စည်းလိုက်တဲ့ အပေါ် ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA က ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုကြောင်း နဲ့ SRA နဲ့ လက်ချင်းချိတ်ကာ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သဝဏ်လွှာပေးပို့ကြောင်း ထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး ပြည်တွင်း

KNU က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၃၇ နှစ်ပြည့်အတွက် သဝဏ်လွှာပေးပို့ (အောက်တိုဘာ ၁၄ – ၂၀၂၄)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဟာ သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့ပြီး သမိုင်းဖြတ်သန်းမှု အတွေ့အကြုံ ရှိတဲ့ ပါတီ တခုအဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU က လေးစား အသိအမှတ် ပြုကြောင်းနဲ့ ပြည်သူ့တော်လှန်ရေးမှာ အတူအကွ ဆက်လက် တိုက်ပွဲဝင်ဖို့ကို တိုက်တွန်း ဂုဏ်ပြုထားပါတယ်။ ————————— THN Public Media

Read More
War နိုင်ငံရေး

မြဝတီအနီး လေးကေ့ကော်မြို့သစ်၊ ရှုခင်းသာ နဲ့ စွယ်တော်ကုန်း စခန်းကို စစ်တပ် ပြန်သိမ်းကြောင်း သတင်းထုတ်ပြန်

အောက်တိုဘာ ၁၉ – ၂၀၂၅ ကရင်ပြည်နယ် ထိုင်းမြန်မာ နယ်စပ် မြဝတီ တောင်ဘက်မှာရှိတဲ့ လေးကေ့ကော်၊ ရှုခင်းသာ နဲ့ စွယ်တော်ကုန်း တို့ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ခဲ့ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ စွယ်တော်စခန်းကုန်းကို ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ သိမ်းယူခဲ့ပြီး ရှုခင်းသာ စခန်းကို အောက်တိုဘာ ၁၇ ရက်နေ့ က သိမ်းယူခဲ့တာလို့ ဖေါ်ပြထားပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာ လေးကေ့ကော် ကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ————————— THN Public Media

Read More
နိုင်ငံရေး ပြည်တွင်း

မြဝတီအနီး KK Park ကို စစ်တပ်ဝင်စီး၊ ကျားဖျန့် လုပ်ငန်း ပစ္စည်းတွေကို သိမ်းယူ

အောက်တိုဘာ ၁၉ – ၂၀၂၅ ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ အနီး သောင်ရင်းမြစ်ဘေး နာမည်ဆိုးနဲ့ ကျော်ကြား နေတဲ့ KK Park ကို စစ်တပ်က ဝင်ရောက် စီးနင်း ရှင်းလင်းခဲ့ကြောင်း MRTV က ဒီကနေ့ သတင်းထုတ်ပြန် ထားပါတယ်။ KK Park ထဲမှာ ထူးခြား လက္ခဏာ မတွေ့ရဘဲ Starlink အစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဆောက်အဦးတွေ အတွင်းကနေ အမျိုးသား အလုပ်သမား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံရေး အမျိုးသား ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦး တို့ကို တွေ့ရှိခဲ့ကြောင်း

Read More
War ပြည်တွင်း

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့ မြို့နယ်တွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ၂ ဦး ဒဏ်ရာရကြောင်း TNLA ထုတ်ပြန်

အောက်တိုဘာ ၁၉ – ၂၀၂၅ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ရှမ်းမြောက်ဒေသ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့ မြို့နယ်တွေကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲ လို့ ပြည်သူ ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ TNLA တအာင်း အဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။ နေ့လယ် ၁၂ နာရီခွဲ့မှာ နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက် ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၁) လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာ ရရှိပြီး နေအိမ် (၂)အိမ်၊ လက်ဘက်စက်ရုံ (၁)ရုံ၊ မီးသတ်ကား (၅)စီး နဲ့ ကား (၄)စီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့

Read More
နိုင်ငံရေး ပြည်တွင်း

SSPP က စစ်တပ်ကို ကူညီလို့ ကျောက်မဲ သီပေါ ကို လက်လွှတ် ရတယ်ဆိုတဲ့ TNLA ပြောကြားချက်အပေါ် တာဝန်ယူဖြေရှင်းပေးဖို့ SSPP ထုတ်ပြန်

အောက်တိုဘာ ၁၈ – ၂၀၂၅ ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA တအာင်းတပ်ဖွဲ့ က ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲ နဲ့ သီပေါ မြို့တွေကို မကြာသေးခင်က စစ်တပ် ကနေ ပြန်လည် ထိုးစစ်ဆင် ထိန်းချုပ်သွားတဲ့ အပေါ် ဒါဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ကူညီပေးတာ လမ်းကြောင်းဖွင့်ပေး တာကြောင့် လက်လွှတ်လိုက်ရတာလို့ TNLA ပြောခွင့်ရသူရဲ့ ပြောဆိုမှုတွေ ကို SSPP က အပြင်း အထန် ကန့်ကွက်ကြောင်းနဲ့ တာဝန်ယူဖြေရှင်‌ပေးဖို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ TNLA ပြောခွင့်ရသူရဲ့ ဒီလို ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိ စွပ်စွဲ ချက်တွေ ဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေ အကြား အထင်မှားစေတဲ့ အပြင်

Read More
နိုင်ငံရေး ပြည်တွင်း

NCA ၁၀ နှစ်ပြည့် အလုပ်ရုံ ဆွေးနွေးပွဲမှာ နိုင်ငံရေး အကြံပြုချက် (၄၈) ချက် နဲ့ စီးပွါးရေး အကြံပြုချက် (၅၃) ချက် ရရှိကြောင်းထုတ်ပြန်

အောက်တိုဘာ ၁၇ – ၂၀၂၅ အောက်တိုဘာ ၁၅ ရက်နေ့က NCA ၁၀ နှစ်ပြည့် အခမ်းအနား အပြီး ‘’ငြိမ်းချမ်းတဲ့ အနာဂတ် တည်ဆောက်ခြင်း’’ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၇ ရက်နေ့ အထိဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲကနေ နိုင်ငံရေး နိုင်ငံရေး ကဏ္ဍမှာ အကြံပြုချက် (၄၈)ချက်နဲ့ စီးပွားရေး ကဏ္ဍမှာ (၅၃)ချက် ရရှိခဲ့ကြောင်း NSPNC အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ အခုရရှိခဲ့တဲ့ အချက်တွေရဲ့ အသေးစိတ်ကို တော့ ထုတ်ပြောခြင်း မရှိပေမယ့် ဒီအချက်တွေကို ရေတို ရေရှည် ဆက်လက် ညှိနှိင်း အကောင် အထည် ဖော်သွားမယ်လို့ သူက ပြောပါတယ်။ photo:

Read More
War နိုင်ငံရေး

သီပေါ ကို စစ်တပ် ပြန်ထိန်းချုပ်တဲ့အပေါ် TNLA ပြောခွင့်ရ လွေယေဦး ပြောကြားချက်

—————— “ကျောက်မဲနဲ့ သီပေါမှာ SSPP ဘက်က စစ်ကောင်စီကို ကူညီပေးနိုင်တာ ရှိတော့ ကျွန်မတို့ စခန်းတွေ စစ်ကောင်စီက အမြန်ထိုးဖောက် ဝင်ရောက် နိုင်တာ ရှိတယ်။ သီပေါကို ကြည့်မယ့်ဆိုရင် ကျွန်မတို့က ကျင်သီမှာရော ဘော်ကြိုမှာရော ခံစစ်အနေနဲ့ ပြင်ထားတာရှိတယ်။ ဒါပေမယ့် စစ်ကောင်စီက SSPP ထိန်းချုပ်ထားတဲ့နေရာကနေ သွားလာခွင့် ရပြီးတော့ ကျွန်မတို့က စိန်ခေါ်မှုတွေ ရှိပြီးတော့ စစ်ကောင်စီ က အသာစီး ရတာမျိုးတွေ ရှိပါတယ်” ———— Crd – Shwe Phee Myay News Agency ————————— THN Public Media

Read More
War နိုင်ငံရေး ပြည်တွင်း

ရှမ်းမြောက်ဒေသ သီပေါကို စစ်တပ် ပြန်ထိန်းချုပ်

အောက်တိုဘာ ၁၇ -၂၀၂၅ TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသ သီပေါမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဓာတ်ပုံတွေ နဲ့ ဖေါ်ပြထားတာ ကို တွေ့ရပါတယ်။ စစ်တပ်က မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်း ကတည်းက သီပေါ ကို ဝင်ရောက် ထိန်းချုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “စစ်တပ် သီပေါ မြို့ထဲ ဝင်ပြီ။ ည ၈ နာရီဝန်းကျင်လောက်က စစ်တပ် ဝင်လာတာ သေချာတယ်ဆိုတာ သိရတာ” လို့ သီပေါ မြို့ခံ တယောက်က ပြောပါတယ်။ မနေ့ ညနေပိုင်း ၃ နာရီခွဲ လောက်မှာ ရဲစခန်း၊ ထွေအုပ်ရုံး၊

Read More