War နိုင်ငံရေး ပြည်တွင်း

နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာ စစ်တပ်ဗုံးကြဲ၊ ကလေး ၂ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

အောက်တိုဘာ ၅ – ၂၀၂၅ ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာ ကို မနေ့ နေ့လယ်ပိုင်း ၁၂ နာရီခွဲ လောက်မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ ကလေး (၂) ဦး သေဆုံးပြီး ကလေး (၆) ဦး အပါအဝင် (၉) ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA တအာင်းတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် ပြည်သူလူထု နေအိမ် (၁၆) အိမ်လည်း ထိမှန်ပျက်စီး သွားခဲ့ တယ်လို့ ဖေါ်ပြထားပါတယ်။

Read More
War နိုင်ငံရေး ပြည်တွင်း

မန်းတက္ကသိုလ်ရာပြည့်ပွဲ လာရောက်တဲ့ စစ်ကော်မရှင် ဥက္ကဌ တည်းခိုရာ လပခ ထဲကို BWM က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်

အောက်တိုဘာ ၄ – ၂၀၂၅ မန္တလေး တက္ကသိုလ် နှစ် ၁၀၀ ပြည့်၊ ရာပြည့်သဘင်ပွဲကို တက်ရောက်ဖို့ လာတဲ့ စစ်ကော်မရှင် ဥက္ကဌ တည်းခိုရာ နန်းတွင်းထဲက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကို Brave Warriors for Myanmar BWM က ဦးဆောင်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BWM က သတင်းထုတ်ပြန်ထားပါတယ်။ မန္တလေး တက္ကသိုလ်ထဲမှာကျင်းပတဲ့ ရာပြည့်သဘင် အခမ်းအနားမှာ အရပ်သားပြည်သူတွေကို ထိခိုက်မှာ စိုးတဲ့အတွက် လပခ ထဲကိုသာ တိုက်ခိုက်တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အခုလို တိုက်ခိုက်မှု ရှိခဲ့ပေမယ့် စစ်ကော်မရှင် ဥက္ကဌ နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ မန္တလေး

Read More
ပြည်တွင်း သတင်း

PDF အပါအဝင် DPLA ၊ KNDF ၊ PNLO နဲ့ ကရင်နီအမျိုးသား လွတ်မြောက်ရေး တပ်ပေါင်းစု တို့က အဖွဲ့ဝင် ၃၀ ပြန်ဝင်လာတယ်လို့ စစ်ကော်မရှင် သတင်းထုတ်ပြန်

အောက်တိုဘာ ၄ – ၂၀၂၅ PDF အပါအဝင် DPLA ၊ KNDF ၊ PNLO နဲ့ ကရင်နီအမျိုးသား လွတ်မြောက်ရေး တပ်ပေါင်းစု တို့က အဖွဲ့ဝင် ၃၀ တို့ဟာ လက်နက် ခဲယမ်း တွေနဲ့ အတူ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက် လာတယ်လို့ စစ်ကော်မရှင်က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြန်ဝင်လာသူတွေထဲမှာ DPLA ၁၂ ဦး၊ KNDF ၁ ဦး၊ PNLO ၄ ဦး၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု ၁ ဦးနဲ့ PDF ၁၂ ဦး စုစုပေါင်း ၃၀ ဖြစ်ကြပြီး သူတို့ကို ရှမ်းပြည်နယ် တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင် စစ်ဌာနချုပ်မှာ

Read More
War နိုင်ငံရေး

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်ကို စစ်တပ်ကလေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချ

TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်ကို စစ်တပ်က အောက်တိုဘာ ၂ ရက်နေ့ ၁၀ နာရီ ၁၅ မိနစ်မှာ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချတဲ့အတွက် ဟိုတယ် ပျက်စီးသွားကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၃ – ၂၀၂၅

Read More
War နိုင်ငံရေး

ကျောက်မဲကို ဌာနဆိုင်ရာဝန်ထမ်းတွေ ကားအစီးတရာကျော်နဲ့ ပြန်လည် ဝင်ရောက်

အောက်တိုဘာ ၂ – ၂၀၂၅ စစ်တပ် ပြန်လည် ထိန်းချုပ်ထားတဲ့ ကျောက်မဲမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည် ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲက ဒီနေ့မှ ဌာနဆိုင်ရာတွေ ဝင်တာလေ။ စစ်ရှောင်တွေကို တော့ပေး မဝင်သေးပါဘူး။ သူတို့ စစ်တပ်ဘက်က နယ်မြေ ရှင်းလင်းရေး တောင် မပြီးသေးဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လက်ရှိမှာတော့ ကျောက်မဲမြို့ ကနေ သီပေါဘက် အထွက်လမ်းဘက်က တိုးဂိတ် အကျော်ဘက်ကို စစ်က စစ်ကြောင်းထိုးပြီး လိုက်ပစ်နေတယ်လို့ သိရပြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ သူက ပြောပါတယ်။ “ဟုတ်တယ်။ ဌာနဆိုင်ရာတွေ

Read More
War နိုင်ငံရေး ပြည်တွင်း

စစ်ရေးမှာ အရေးသာတဲ့ အချိန် ရှိသလို အရေးနိမ့်တာလည်း ရှိပါတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦး ပြော

အောက်တိုဘာ ၂ – ၂၀၂၅ ရှမ်းမြောက်ဒေသ ကျောက်မဲမြို့ကနေ TNLA တအာင်းတပ်ဖွဲ့ ပြန်လည် ဆုတ်ခွာ ပေးလိုက်ရတာ နဲ့ ပတ်သက်ပြီး TNLA TNLA ပြောခွင့်ရ မလွေးယေဦး က “စစ်ရေးမှာတော့ အလှည့်အပြောင်းတွေတော့ ရှိတယ် ပေါ့လေ။ ကိုယ်အရေးသာတဲ့ အချိန် ရှိသလို ကိုယ်အရေးနိမ့်တာလည်း ရှိပါတယ်။ ပြင်ဆင်မှုအားကောင်းတဲ့ သူကတော့ စစ်ရေးမှာ အနိုင်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်မတို့ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက်တွေ သင်ခန်းစာရယူပြီးတော့မှ ပြန်လည် ပြင်ဆင်ပြီးတော့မှ နောက်တစ်ခါဆိုတာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်ကတော့ ဘာမှ ရေရာသေချာ တာတော့ ပြောနိုင်ခြင်းတော့ မရှိသေးပါဘူး” လို့ သတင်းဌာနတခုကို ပြောကြားသွားပါတယ်။ ဒါ့အပြင်

Read More
War ပြည်တွင်း

နမ္မတူမြို့ကို စစ်တပ်ဗုံးကြဲ ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းထုတ်ပြန်

အောက်တိုဘာ ၂ – ၂၀၂၅ ရှမ်းမြောက်ဒေသ နမ္မတူမြို့ကို စစ်တပ်က ဒီကနေ့မနက်မှာ လေယာဥ်နဲ့ ပေါင် (၅၀၀) ဗုံး ကြဲခဲ့တဲ့ အတွက် လူ၄ ဦးသေဆုံးသွားပြီး ကလေးငယ် တဦး အပါအဝင် ၅ ဦးကတော့ ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA တအာင်း တပ်ဖွဲ့က သတင်း ထုတ်ပြန် ထား ပါတယ်။ဒါ့အပြင် နေအိမ် (၈)အိမ်လည်း ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

Read More
War နိုင်ငံရေး

ကျောက်မဲမြို့ထဲကို စစ်တပ်က မီးလောင်ဗုံး နဲ့ တိုက်ခိုက်လို့ ဌာန ဆိုင်ရာရုံးတွေ မီးလောင်ခဲ့ကြောင်း TNLA သတင်းထုတ်ပြန်

အောက်တိုဘာ ၁ – ၂၀၂၅ TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်တပ်ကနေ မနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တဲ့ အတွက် ဌာနဆိုင်ရာရုံး တချို့ မီးလောင်ခဲ့တယ်လို့ TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ မြို့တွင်း နေရာ တချို့ နဲ့ မီးသတ်ရုံး၊ သစ်တောရုံး၊ ရဲစခန်း နေရာတွေ မီးလောင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ စစ်တပ်ဟာ ကျောက်မဲမြို့နယ်ကို သာလွန်အင်အား အပါအဝင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတွေပါ အသုံးပြုပြီး ရမ်းသန်း ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အများပြည်သူ အနေနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်း‌ရှောင်နေကြရတယ်လို့ ဆိုပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကတော့ ကျောက်မဲမြို့အနီး ပင်တီးကျေးရွာ

Read More
War နိုင်ငံရေး ပြည်တွင်း

ကျောက်မဲမှာ ဌာနဆိုင်ရာရုံးတွေ မီးလောင်နေပြီး စစ်တပ်က မြို့ထဲဝင်ဖို့ပြင်

စက်တင်ဘာ ၃၀ – ၂၀၂၅ TNLA တအာင်းတပ်ဖွဲ့ ထိန်းချုပ်ရာ ကျောက်မဲမှာ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးတွေ မီးလောင် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မီးလောင်တာ လောလောဆယ် သိရတာက သစ်တောရုံး၊ ရဲစခန်း၊ ကြံ့ခိုင်ရေး ကားဝင်းကြီး၊ ရန်ကင်းထိပ်က စ သုံးလုံးရုံး၊ ဆောက်လုပ်ရေးဘက်က ရုံးတွေ။ ဗုံးကြဲတာမဟုတ်ဘူး။ ရှို့တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ စစ်တပ်က မြို့ထဲ ဝင်ရောက်တော့မှာဖြစ်ပြီး မြို့နဲ့ အတော်နီးကပ်နေကာ တမိုင်လောက်ပဲ လိုတော့ တယ်လို့ သူက ပြောပါတယ်။ လက်ရှိ ညနေ ၄ နာရီကျော်ခန့်ကစလို့ ပစ်ခတ်သံတွေရော၊ Y-12 သံတွေရော၊ လက်နက်သေး

Read More