သီပေါမှာ ဌာနဆိုင်ရာ ရုံးတချို့ မီးရှို့ခံရ
အောက်တိုဘာ ၁၇ – ၂၀၂၅ TNLA တအာင်းတပ်ဖွဲ့နဲ့ စစ်တပ်အကြား စစ်ရေး တင်းမာနေတဲ့ သီပေါမြို့ ထဲက ဌာနဆိုင်ရာ ရုံးတချို့ မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်း က မီးရှို့ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “သီပေါမြို့ထဲ သီပေါ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံး၊ ထောင်ကြီးတွေမှာ လောက်မီးလောင်တယ်။ နာရီဝက် လောက်ပဲ လောင်တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ စိုက်ပျိုးရေးရုံးနဲ့ မြေစာရင်းရုံးက နေအိမ်တွေနဲ့ ကပ်နေတာကြောင့် တချို့ လူတွေ သွားငြိမ်းကြတာ ရှိသလို မိုးလည်းရွာလာတော့ မီးလောင် နေတာတွေ ပြန်ငြိမ်းသွားတယ်လို့ သူက ပြောပါတယ်။ “ရှို့မီးပါ။ ဘယ်ဘက်က ရှို့လဲမသိဘူး။
