War

စစ်ကိုင်းတိုင်း စိုင်ပြင် နယ်မြေရဲစခန်းကို PDF တွေ စီးနင်းသိမ်းပိုက်

မေလ ၂၀ – ၂၀၂၆

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ နယ်မြေရဲစခန်းကို အမှတ် ၁ ရွှေဘိုခရိုင် စစ်ဒေသ PDF တွေက စီးနင်းသိမ်းပိုက်ခဲ့ကြောင်း မေလ ၁၈ ရက်နေ့က ကြေညာချက် ပြန်ထားပါတယ်။

မေလ ၁၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲစခန်းဘက်က ၁၁ ဦးကျခဲ့သလို လက်နက်ခဲယမ်း တွေ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအချိန်မှာတော့ တပ်စခန်း အဆောက်အဦးတွေကို ဖျက်ဆီးပြီး တပ်တွေ ပြန်ဆုတ်ခဲ့ပြီလို့ ဖေါ်ပြထား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *