လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ မဲထည့်ဖို့ စစ်ကော်မရှင်ကနေ နိုင်ငံကျော် အနုပညာသမား တွေကို ခေါ်ပြီး ရွေးကောက်ပွဲ မဲပေးဖို့ ပြောခိုင်းကာ ရုပ်သံကနေ ထုတ်လွှင့် ပြသနေပါတယ်။
ဒါဟာ မကြာသေးခင်က ‘’ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’’ ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်လမ်းတိုမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကို ဝေဖန်မှုတွေ အကြီးအကျယ် ရှိခဲ့တဲ့ အပေါ် တခြား အနုပညာ သမားတွေ ကိုပါ အခုလို စစ်ကော်မရှင်က ခေါ်ယူပြီး မဲပေးဖို့ ပြောဆို စေတာ ဖြစ်တယ် လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။
သရုပ်ဆောင်ဖွေးဖွေး နဲ့ အလင်းရောင် တို့ နှစ်ဦးဟာ အခုလို ကိစ္စတွေမှာ မပါဝင်ရဖို့ ရှောင်နေတဲ့ အတွက် အာဏာပိုင်တွေက မေးမြန်းမှုတွေ လုပ်ခဲ့ တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အခုတော့ သူတို့နှစ်ဦးလည်း ရွေးကောက်ပွဲ မဲပေးရေး ပါဝင်ပြောကြား နေတာကို တွေ့ရပါတယ်။
—————————
THN Public Media
