မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ် က စစ်ကော်မရှင် ကျင်းပဖို့ စီစဥ်နေတဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲ ဟာ အတုအယောင် အလိမ်အညာ ဖြစ်တယ်လို့ အောက်တိုဘာ ၃၀ ရက်နေ့ က ကုလသမဂ္ဂမှာ ရှင်းလင်း ပြောကြား လိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ ကို မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာ တင်သွင်းပြီးနောက် မြန်မာနိုင်ငံ နိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ရှင်းလင်းပြောကြားရာ အခုလို ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။
‘’နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်တွေကို ဖမ်းဆီး၊ ချုပ်နှောင်၊ အကျဉ်းချ ပြီး နှိပ်စက်နေချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ရှိနိုင်မှာ မဟုတ်ပါဘူး” လု့ တွမ် အန်ဒရူးစ်က ပြောကြားသွား ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းထားချိန်၊ စစ်အာဏာပိုင်တွေကို ဝေဖန်တာနဲ့ အမှန်တရားကို အစီရင်ခံတာ ဥပဒေနဲ့ မညီတဲ့ အချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မရှိနိုင်ပါဘူးလို့လည်း ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀၀ ဟာ ထောင်ထဲမှာ ရှိနေတယ်လို့ ပြောပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ ကလည်း အကြမ်းဖက်မှု ဆက်လက် ရှိနေ သရွေ့ ရွေးကောက်ပွဲတွေကို ဆက်မလုပ်သင့်ကြောင်း ရှင်းလင်း ပြတ်သားစွာ ပြောကြားထား ကြောင်း သူကပြောပါတယ်။
‘’ကျွန်တော်က အဖွဲ့ဝင်နိုင်ငံတွေ အားလုံး အာဆီယံရဲ့ ဦးဆောင်မှုကို လိုက်နာ ဖို့နဲ့ ဒီရွေးကောက်ပွဲကို တရားမဝင် အဖြစ် သတ်မှတ်ဖို့ တိုက်တွန်းခဲ့ပါတယ်’’ လို့ ပြောကြားပြီး ‘’အနည်းဆုံးတော့ ရွေးကောက်ပွဲ လေ့လာသူများ လုံးဝ မစေလွှတ်ဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။
မြန်မာ နိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အခြေအနေ တွေဟာ ၂၀၂၅ မှာ “သိသိသာသာ ပိုမိုဆိုးရွားလာနေတယ်” လို့ တွမ် အန်ဒရူးစ်က ပြောပါတယ်။
ဒါ့အပြင် ပြင်အား ၇.၇ ငလျင် ဒဏ်ရဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့ ကျားဖျန့် ငွေလိမ် စင်တာတွေ အကြောင်းလည်း ရှင်းလင်းပြောကြားသွား ပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ “အရေးယူဆောင်ရွက်ဖို့ ပျက်ကွက် နေတဲ့ လုပ်ရပ်များကို လုပ်ဆောင်ကြဖို့” တွမ်အန်ဒရူးစ် က တောင်းဆို သွားခဲ့ပါတယ်။
—————————
THN Public Media
