THN Public Media Blog Uncategorized စစ်ကော်မရှင် တပ်ဖွဲ့ဝင် တချို့ လက်နက်ချ၊ တချို့ကို ဖမ်းဆီးမိကြောင်း AA သတင်းထုတ်ပြန်
Uncategorized

စစ်ကော်မရှင် တပ်ဖွဲ့ဝင် တချို့ လက်နက်ချ၊ တချို့ကို ဖမ်းဆီးမိကြောင်း AA သတင်းထုတ်ပြန်

နိုဝင်ဘာလ ၁၁ – ၂၀၂၅

အာရက္ခတပ်တော် AA နဲ့ စစ်တပ်အကြား ရခိုင်နဲ့ ပဲခူး မကွေး ဧရာဝတီ အစပ် ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေရာ စစ်တပ်ဘက် တပ်ဖွဲ့ဝင် တချို့ လက်နက်ချတာ ရှိသလို တချို့ကို ဖမ်းဆီးမိတယ်လို့ AA က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၈ ရက် ကနေ ၁၀ ရက် အတွင်း ကပစ (၁၆) အနီး တိုက်ပွဲတွေ အတွင်း စစ်တပ်ဘက်က လက်နက်ချသူ ထွက်ပြေးသူ ဖမ်းဆီးမိသူ စုစုပေါင်း (၁၆) ဦး ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ပဲခူးတိုင်း ပန်းတောင်းမြိုနယ် ညောင်ကျိုးကျေးရွာ အရှေ့ဘက် လေလာတောင် ပတ်ဝန်းကျင် အနီး နိုဝင်ဘာ ၈ ရက် နဲ့ ၉ ရက်နေ့ တိုက်ပွဲတွေ အတွင်း လက်နက်ချသူ ထွက်ပြေးသူ ဖမ်းဆီးရမိသူ ၁၀ ဦးလို့ ဆိုပါတယ်။

နတ်ရေကန်ဗျူဟာကုန်း ဘက်မှာတော့ နိုဝင်ဘာလ (၈) ရက်နေ့က စစ်တပ်ဘက်က တပ်ကြပ် မျိုးမင်းထွန်း ဟာ လက်နက်ချ ဝင်ရောက် ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အတွင်း ကျေးရွာတွေမှာ အောက်တိုဘာလ (၃) ရက်နေ့ ကနေ နိုဝင်ဘာလ (၇) နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က လက်နက်ချသူ ၂၀ နဲ့ ဖမ်းဆီးခံရသူ (၂၀) ကျော် ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

လက်နက်ချ ဝင်ရောက်လာသူ တွေကို စစ်သုံ့ပန်း ဥပဒေနဲ့ အညီ ကောင်းမွန်စွာ ပြုစု စောင့်ရှောက် ပေးထားတယ်လို့ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version