ဖေဖေါ်ဝါရီ ၅ – ၂၀၂၆
စစ်ကော်မရှင် ဥက္ကဌ ကို ရန်ကုန် တက္ကသိုလ်ကနေ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ဒီကနေ့ ချီးမြှင့်လိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ ဒီကနေ့ အထူးဘွဲ့ နှင်းသဘင် အခမ်းအနား ကျင်းပကာ စစ်ကော်မရှင်ဥက္ကဌ ကို ပါရဂူဘွဲ့ကို ချီးမြှင့်လိုက်တာ ပါ။
ဒီအတွက် စစ်ကော်မရှင်ဥက္ကဌ ဟာ ဒေါက်တာမင်းအောင်လှိုင် အဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
ဘွဲ့ပေးအပြီး စစ်ကော်မရှင် ဥက္ကဌ က ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်ရကြောင်း နဲ့ ဒီဘွဲ့ဟာ မိမိအတွက်သာမက နိုင်ငံတော်ရဲ့ အနာဂါတ် ပညာရေး မြှင့်တင်မှု အတွက်လည်း အလွန်အရေးပါတဲ့ မှတ်တိုင်တခု ဖြစ်တယ်လို့ မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရပါတယ်။
—————————
THN Public Media
