THN Public Media Blog သတင်း နိုင်ငံရေး စစ်တပ်ကို တပ်ချုပ် နှုတ်ဆက်ခဲ့ပြီလား
နိုင်ငံရေး ပြည်တွင်း

စစ်တပ်ကို တပ်ချုပ် နှုတ်ဆက်ခဲ့ပြီလား

၂၀၁၁ ကနေ ၂၀၂၅ အထိ စစ်တပ် လုပ်ဆောင်ချက်တွေကို သုံးသပ်၊ ဒုချုပ်ကို ကျေးဇူးတင်စကားဆို

မတ်လ ၁၅ – ၂၀၂၆

မတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ တပ်ချုပ် ကနေ စစ်တပ် အရာရှိ တွေနဲ့ တွေ့ဆုံပြီး ၂၀၁၁ ကနေ ၂၀၂၅ အထိ စစ်တပ် လုပ်ဆောင်ချက် တွေကို သုံးသပ် ဆွေးနွေး ကျင်းပခဲ့ပါတယ်။

စစ်တပ်ထိပ်တန်း အရာရှိ အားလုံးနီးပါး တက်ရောက်တဲ့ ဒီတွေ့ဆုံပွဲမှာ တပ်ချုပ်က ဒုချုပ်စိုးဝင်းကို ၁၅ နှစ်တာ အတူလက်တွဲ ဆောင်ရွက်ခဲ့မှု အတွက် ချီးကျူးစကား ဆိုတာ ဒုချုပ်ကို မတ်တပ် ရပ်စေပြီး လက်ခုပ်တီး ဂုဏ်ပြုခဲ့ပါတယ်။

ဒီပွဲမှာ တပ်မတော် အကြီးဆုံး ခေါင်းဆောင်းပိုင်းတွေ ဖြစ်ကြတဲ့

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဒုချုပ် စိုးဝင်း

ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊

ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တို့ အစုံအလင် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

တပ်ချုပ်က သူဟာ ၈ ဦးမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ကြောင်းနဲ့ သူတာဝန်ယူခဲ့တဲ့ ၂၀၁၁ ကနေ အခုအချိန်အထိ ၁၅ နှစ်တာ ကာလ အတွင်း ခေတ်မီ တပ်မတော်ဖြစ်အောင် အကောင်းဆုံး မြှင့်တင် စွမ်းဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်သားတွေ အနေနဲ့ ခေါင်းဆောင် အဆက်ဆက် ချမှတ် ထားခဲ့တဲ့ “မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွား ကြရန်” အလေးအနက်ထား တိုက်တွန်းသွားခဲ့ကြောင်းလည်း သိရပါတယ်။

ဒီအတွက် ဒီတွေ့ဆုံမှုဟာ တပ်ချုပ် အနေနဲ့ စစ်တပ်ကို နှုတ်ဆက်တာ ဖြစ်ပြီး လာမယ့် အစိုးရ အဖွဲ့ကို ဦးဆောင်သွားတော့မလား ဆိုတဲ့ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ် အရ လွှတ်တော် ခေါ်ယူမှာ ဖြစ်ပြီး ဧပြီလဆန်းပိုင်းမှာ သမ္မတ ရွေးချယ်ကာ အစိုးရသစ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version