THN Public Media Blog သတင်း နိုင်ငံရေး စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ မပူးပေါင်းဖို့ NUG NUCC မေတ္တာရပ်ခံ၊ နိုင်ငံတကာ အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဖို့ တိုက်တွန်း
နိုင်ငံရေး

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ မပူးပေါင်းဖို့ NUG NUCC မေတ္တာရပ်ခံ၊ နိုင်ငံတကာ အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဖို့ တိုက်တွန်း

ဒီဇင်ဘာ ၂၈ – ၂၀၂၅

စစ်တပ်က ဒီကနေ့ စတင်ကျင်းပပြီဖြစ်တဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထု အနေနဲ့ မပူးပေါင်း ဖို့ အပါအဝင် အချက် ၈ ချက်ကို NUG NUCC က ထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်မရှိကြောင်း၊ ၂၀၀၈ ခြေဥ ကိုလည်း CRPH က ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်းနဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် ထွက်ပေါက် မဟုတ်သလို တိုင်းရင်းသားပြည်သူလူထု မျှော်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရည်မှန်းချက် ကို လုံးဝရရှိမှာ မဟုတ်ဘူးလို့ ဖေါ်ပြထားပါတယ်။

တော်လှန်ရေး အင်အားစုတွေကတော့ ဒီရွေးကောက်ပွဲ အလွန်ကာလမှာလည်း စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး စစ်တပ် နိုင်ငံရေးက မပါဝင်ရေး အပါအဝင် အချက် ၆ ချက် အတွက် ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့လည်း စစ်ကော်မရှင် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြုတဲ့ သဘောထား အတိုင်း ရွေးကောက်ပွဲ အလွန် အထိ ဆက်လက်ရည်တည်ပေးဖို့ နဲ့ အခု ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဖို့ တိုက်တွန်းထားပါတယ်။

NUG – အမျိုးသားညီညွတ်ရေး အစိုးရ

NUCC – အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောာင်စီ

CRPH – ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

—————-

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version