THN Public Media Blog သတင်း နိုင်ငံရေး စာရေးဆရာ ဦးတင်ညွန် နဲ့ သားဖြစ်သူကို ထောင် ၃ နှစ်ချ
နိုင်ငံရေး

စာရေးဆရာ ဦးတင်ညွန် နဲ့ သားဖြစ်သူကို ထောင် ၃ နှစ်ချ

ဇွန် ၁၈ – ၂၀၂၆

စာရေးဆရာကြီး ဦးတင်ညွန့် နဲ့ သားဖြစ်သူတို့ကို ပုဒ်မ ၅၀၅ – က နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရ ပါတယ်။

ဒီကနေ့ ဇွန် ၁၈ ရက်နေ့ ၊ ငါးကြိမ်မြောက် ရုံးချိန်းမှာ အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“အင်းစိန်ထောင်တရားရုံးက ဒီနေ့အမိန့်ချလိုက်တာ ဟုတ်ပါတယ်။ ဆရာကြီးရော သူ့သားရော နှစ်ယောက်လုံးကိုချလိုက်တာပါ။ ” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

စာရေး ဆရာကြီးဦးတင်ညွန့်နဲ့ သားဖြစ်သူတို့ကို ဖမ်းဆီးပြီး နှစ်လ နီးပါးအကြာမှာ ထောင်ဒဏ် အမိန့်ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။

ဆရာကြီး ဦးတင်ညွန့်နဲ့ သားဖြစ်သူတို့ကို ဧပြီ ၂၃ ရက်နေ့က သူတို့ရဲ့ နေအိမ်မှာ လာရောက် ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း ၊ ဖမ်းဆီးပြီးနောက် သန်လျင်ရဲစခန်းမှာ ထိန်းသိမ်းခဲ့ပေမယ့် အမှုကိုတော့ အင်းစိန်ထောင် တရားရုံးမှာပဲ စစ်ခဲ့ပြီး အမိန့်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာ ဦးတင်ညွန့်အဓိကအဖမ်းခံရတဲ့ အကြောင်းအရင်းတွေကတော့ ရေးသားခဲ့တဲ့

” ခွေးထိန်း ငတာ “၊

“ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည် ” ၊

“ဦးသန်းရွှေ၏ ယတြာ များ” စာအုပ် သုံးအုပ်နဲ့ပတ်သက်ပြီး ဖမ်းခံရတာဖြစ်သလို သားဖြစ်သူ ကတော့ စာအုပ်ကို ထုတ်ဝေခဲ့တာကြောင့် ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။

ဒီစာအုပ် သုံးအုပ်ဟာ NLD အစိုးရ လက်ထက်မှာ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version