THN Public Media Blog သတင်း နိုင်ငံရေး ဗိုလ်ချုပ်ရာပြည့်နဲ့အဖွဲ့ NDAA မိုင်းလား ကိုသွားရောက် ဆွေးနွေး
နိုင်ငံရေး

ဗိုလ်ချုပ်ရာပြည့်နဲ့အဖွဲ့ NDAA မိုင်းလား ကိုသွားရောက် ဆွေးနွေး

ဇွန် ၁၈ – ၂၀၂၆

ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့ NSPNC က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ အဖွဲ့ဟာ မိုင်းလား အထူးဒေသ ၄ ကို မနေ့ ဇွန် ၁၇ ရက်နေ့က သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NDAA မိုင်းလား သတင်းပြန်ကြားရေး က ထုတ်ပြန်ထားပါတယ်။

NDAA ဥက္ကဌ ဦးထိန်လင်း နဲ့ အဖွဲ့က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ အဖွဲ့ကို ကြိုဆိုခဲ့ပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဆွေးနွေးပွဲမှာ NSPNC ဘက်က အထူးဒေသ (၄) အပါအဝင် တခြား အဖွဲ့အစည်း တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားကြောင်း၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ ‌ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဥက္ကဌ ဦးထိန်လင်း ကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး နိုင်ငံတော် ရဲ့ သဘောထားကို ထောက်ခံကြောင်း၊ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး ဖြစ်စဥ်တိုင်းမှာ တက်ကြွစွာ ပါဝင်ပြီး၊ နယ်စပ်ဒေသ ရေရှည် တည်ငြိမ် အေးချမ်းရေး အတွက် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆွေးနွေး ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

crd – Mongla SR4 News Agency

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version