THN Public Media Blog သတင်း စီရင်ချက် မချခင် မြန်မာနိုင်ငံဟာ ပြစ်ဒဏ်ခတ်တာ ခံနေရတယ်လို့ ဦးကိုကိုလှိုင် ICJ မှာလျှောက်ထား
သတင်း

စီရင်ချက် မချခင် မြန်မာနိုင်ငံဟာ ပြစ်ဒဏ်ခတ်တာ ခံနေရတယ်လို့ ဦးကိုကိုလှိုင် ICJ မှာလျှောက်ထား

ဂမ်ဘီယာ ဘက်က ICJ မှာ ၄ ရက်ကြာ လျှောက်လဲအပြီး မြန်မာဘက်က စစ်ကော်မရှင် ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ပြီး စတင် ခုခံလျှောက်လဲ

ဇန်နဝါရီ ၁၇ – ၂၀၂၆

မနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ နယ်သာလန် နိုင်ငံ သဟိတ်မြို့ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ မှာ စစ်ကော်မရှင်ရဲ့ ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ပြီး စတင် ခုခံလျှောက်ထားခဲ့ပြီ ဖြစ်ပါတယ်။

ဂမ်ဘီယာ ကနေ မြန်မာနိုင်ငံအပါ် စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေ နဲ့ ပတ်သက်ပြီး လူမျိုးသုဥ်းသတ်ဖြတ်မှု စာချုပ်ကို ချိုးဖေါက်တယ်ဆိုတဲ့ စွပ်စွဲချက် ကို တရားရုံးမှာ ၄ ရက်ကြာ တင်ပြခဲ့ပြီးနောက် မြန်မာဘက်က စတင် ခုခံလျှောက်လဲနေတာလည်း ဖြစ်ပါတယ်။

ဦးကိုကိုလှိုင်က စတင်လျှောက်ထားရာမှာ ဂမ်ဘီယာ ဘက်က အချက်အလက်တွေဟာ ယုံကြည် စိတ်ချရမှု မရှိတဲ့ FFM အချက်အလက် ရှာဖွေးရေး အဖွဲ့ ရဲ့ အစီရင်ခံစာကို သာ အသုံးပြုနေတာဖြစ်တယ်လို့ လျှောက်လဲ သွားပါတယ်။

FFM ကို ဆက်လက် အသုံးပြုနေတာဟာ စီရင်ချက် မချခံ မြန်မာနိုင်ငံဟာ ပြစ်ဒဏ်ခတ်တာ ခံနေရတယ်လို့ ဦးကိုကိုလှိုင် ICJ မှာလျှောက်ထားသွားခဲ့ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာ ဟာ သတင်းအချက်အလက်တွေကို လိုအပ်သလို ပြုပြင်ခဲ့တယ်လို့ လည်း ဖေါ်ပြသွား ပါတယ်။

အခု အမှုနဲ့ ပတ်သက်ပြီး ၂၀၁၆ နဲ့ ၂၀၁၇ က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချန်ထားလို့ မရကြောင်း နဲ့ အကြမ်းဖက်မှု အပေါ် နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂမ်ဘီယာ ဘက်က မြန်မာနိုင်ငံဟာ လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်ပြီး ရိုဟင်ဂျာတွေကို နာမည် ခေါ်ခွင့်တောင် မပေးဘူး ဆိုတဲ့ အချက်တွကိုလည်း မဟုတ်မှန်ကြောင်း ဦးကိုကိုလှိုင် က လျှောက်လဲ သွားခဲ့ပါတယ်။

နိုင်ငံသား ဖြစ်ခွင့်နဲ့ ပတ်သက်ပြီးလည်း ဦးကိုကိုလှိုင်က ခဲခံ လျှောက်လဲ ခဲ့ပြီး ဦးကိုကိုလှိုင် တင်ပြချက် အပြီးမှာတော့ နောက်ထပ်ခုခံမယ့် ရှေ့နေတွေက ဆက်လက် လျှောက်လဲ သွားခဲ့ကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version