ဇန်နဝါရီ ၅ ရက်နေ့က စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် KTLA ကနေ ကော်သူးလေ အစိုးရဖွဲ့ပြီး ကော်သူးလေ နိုင်ငံထူထောင် လွတ်လပ်ရေးကြေညာတာ ဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပတ်သက်မှု မရှိကြောင်း KNU က ဒီကနေ့ သဘောထား ထုတ်ပြန် လိုက်ပါတယ်။
စောနယ်ဒါးမြ ဟာ စစ်ရာဇဝတ်မှု ကျူးလွန်သူ အဖြစ် စွပ်စွဲခံထားရပြီး KNU ရဲ့ စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာကြောင့် ၂၀၂၂ တုန်းက KNDO စစ်ဦးစီးချုပ် ရာထူးကနေ ရပ်စဲ ကာ KNU ကနေ ထုတ်ပယ် ထားသူ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ကရင်တော်လှန်ရေး ရည်မှန်းချက် တွေကို ထပ်ဟပ်မှု မရှိသလို ပကတိ အရှိတရားနဲ့ လျောညီမှု မရှိဘူးလို့ ဆိုပါတယ်။
ဒါဟာ ကော်သူးလေ နာမည်ကို အလွဲသုံးစား လုပ်တာ ဖြစ်ပြီး အမျိုးသား ဂုဏ်သိက္ခ ကျဆင်းအောင် လုပ်တာသာ ဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။
KNU အနေနဲ့ ခရိုင် ၇ ခု ကို ၄ နှစ်ကြိမ် ညီလာခံကနေ အုပ်ချုပ်ရေး ခေါင်းဆောင်တွေ ရွေးချယ်ခန့်အပ် လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် KNU ဟာ Bottom-up federalism မူ အတိုင်း ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကို ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
