နိုင်ငံတကာ

ဆန္ဒပြသူတွေဟာ ထရမ့်ကျေနပ်အောင် လုပ်နေတဲ့ အဖျက်သမားတွေ လို့ အီရန်ခေါင်းဆောင်ပြော

TEHRAN, IRAN – JANUARY 9: (—-EDITORIAL USE ONLY ?” MANDATORY CREDIT – ‘IRIB / HANDOUT’ – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS—-) Iranian leader Ali Khamenei comments on the recent protests against economic conditions on Iranian State Television in the capital Tehran on January 9, 2026 (Photo by IRIB/Handout/Anadolu via Getty Images

ဇန်နဝါရီ ၁၀ – ၂၀၂၅

အီရန်နိုင်ငံ အာဏာအရှိဆုံး ခေါင်းဆောင် အယာတိုလာ ခါမေနီက လက်ရှိ ဆန္ဒပြသူတွေဟာ အမေရိကန်သမ္မတ ထရမ့်ကို ကျေနပ် သဘောကျ အောင် လုပ်ဆောင် နေတဲ့ အဖျက်သမားတွေ ဒုက္ခပေးတဲ့ကောင်တွေလို့ ခေါ်ဆိုကာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အသက် ၈၆ နှစ်အရွယ် ခါမေနီက အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံတော် ကို လူသိန်းနဲ့ချီ သွေးမြေကျကာ တည်ဆောက်ထားတာဖြစ်ပြီး ဘယ်သူ့ကိုမှ အလျှော့ ပေးမှာ မဟုတ်ကြောင်း သောကြာနေ့ ရုပ်သံ မိန့်ခွန်းမှာ ပြောကြားခဲ့ ပါတယ်။

ဆန္ဒပြသူတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ ထောက်ခံမှုကို ရယူဖို့ အတွက် အဆောက် အအုံတွေကို ဖျက်ဆီးနေကြတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။

ဆန္ဒပြပွဲ ၁၃ ရက်မြောက်နေ့ အထိ ဆန္ဒပြသူ အနည်းဆုံး ၄၈ ဦး သေဆုံးခဲ့ပြီလို့ လူ့အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။

နော်ဝေ အခြေစိုက်အဖွဲ့ တခုကတော့ ကလေး ၉ ဦး အပါအဝင် ၅၁ ဦး အထိ သေဆုံးခဲ့ကာ လူပေါင်း ၂၂၇၇ ဦးထက်မနည်း ဖမ်းဆီး ခံထား ရတယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံတဝန်း အင်တာနက်တွေကို အကုန်နီးပါး ဖြတ်တောက်ထား တာကြောင့် ATM စက်တွေမှာ ငွေထုတ်မရသလို ဆိုင်တွေမှာလည်း ဘဏ်ကတ် နဲ့ ငွေပေးလို့ မရဖြစ်နေပါတယ်။

အခုလို အင်တာနက်ပိတ်ထားပြီး အစိုးရက အင်အားသုံးကာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်လာမှာကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်က လက်ရှိအခြေအနေကို ဆက်လက် သည်းခံမှာ မဟုတ်ကြောင်း သတိပေးထားကာ ဒါကို ထရမ့် အနေနဲ့ အီရန်ပြည်သူတွေ အတွက် ကြားဝင် ကူညီပေးဖို့ နိုင်ငံပြင်ပ မှာ ရောက်နေ ရှိတဲ့ အီရန်ဘုရင်ဟောင်း ရဲ့ သား Reza Pahlavi က တောင်းဆိုလိုက် ပါတယ်။

၂၀၂၂ ခုနှစ်က Mahsa Amini ဆိုတဲ့ အမျိုးသမီးကို ခေါင်းခြုံမဝတ်လို့ ဖမ်းဆီးခဲ့ရာမှာ သူဟာ အကျဥ်းထောင် ထဲမှာ သေဆုံးသွားခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ အုံကြွမှုနောက်ပိုင်း အခု ဆန္ဒပြပွဲတွေဟာ အကြီးမားဆုံး အခြေအနေတခု ဖြစ်လာနေပြီ ဖြစ်ပါ တယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *