ဧပြီ ၂၈ – ၂၀၂၆
ဖယ်ခုံမြို့နယ် က ဆရာ ခွန်းအောင်မင်း ဦးဆောင်တဲ့ မိုးဗြဲ Local PDF ကို ဖျက်သိမ်းပေးဖို့ ဒေသခံတွေ က ‘’အများပြည်သူလူထုသဘောထားထုတ်ပြန်ချက်’’ တစောင် ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
မိုးဗြဲ Local PDF ဟာ ပြည်သူလူထု အပေါ် လက်နက်အားကိုးပြီး ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း စတဲ့ ပြစ်မှုတွေ မကြာခဏ ကျူးလွန်ခဲ့တာကို သက်သေ အထောက် အထားနဲ့ တွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။
ဒီ PDF ကိုင်ဆောင်ထားတဲ့ လက်နက်တွေဟာ ပြည်သူလူထုက ပေးထားတာ ဖြစ်တာကြောင့် လက်နက်တွေ ပြည်သူလူထုဆီ အပ်နှံပြီး မိုးဗြဲ Local PDF အဖွဲ့ကို အပြီးတိုင် ဖျက်သိမ်းဖို့ ထုတ်ပြန်ထားပါတယ်။
Crd – PKPF
—————————
THN Public Media
