ဇွန် ၆ – ၂၀၂၆
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ဟာ မစ္စတာ ဝမ်ယိ နဲ့ ပေကျင်းမှာ ဇွန်လ ၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပြောကြားတဲ့ အထဲမှာ ဦးတင်မောင်ဆွေက “တရုတ် တနိုင်ငံတည်းမူဝါဒ” နဲ့ တရုတ်နိုင်ငံ ရဲ့ ကမ္ဘာလုံး ဆိုင်ရာ အစီအမံ (၄) ရပ် အပေါ် အပြည့်အဝထော က်ခံကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာ ဝမ်ယိကလည်း မြန်မာ့ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ အရေးမှာ မြန်မာနဲ့ ကိုက်ညီတဲ့ လမ်းကြောင်း အတိုင်း လျှောက်လှမ်း နေမှုကို ထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှု ဟာ မကြာခင် တရုတ်ကို သွားရောက်ဖို့ ရှိတဲ့ ဦးမင်းအောင်လှိုင် ခရီးစဥ် အတွက် ကြိုတင် စီစဥ်တာ ဖြစ်တယ်လို့လည်း အကဲခတ်တွေက ပြောဆိုနေကြပါတယ်။
—————————
THN Public Media
