ဇွန် ၁၂ – ၂၀၂၆
တရုတ်သမ္မတ ရှီကျင့်ဖျင် ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင် ဟာ တရုတ်နိုင်ငံကို မကြာခင် ရက်ပိုင်းအတွင်း ချစ်ကြည်ရေးခရီး သွားရောက်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ခရီးစဥ်အတွင်း တရုတ်သမ္မတ တရုတ်ဝန်ကြီးချုပ် တရုတ်ကွန်ဂရက် ဥက္ကဌ တို့ နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်နယ် အကြီးအကဲ တွေနဲ့လည်း တွေ့ဆုံကာ စီးပွားရေး ကွန်ဖရင့် တခုကို တက်ရောက်မှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ဒါဟာ ဦးမင်းအောင်လှိုင် အတွက် သမ္မတ အနေနဲ့ ဒုတိယမြောက် နိုင်ငံခြား ခရီးစဥ်လည်း ဖြစ်ပါတယ်။
—————————
THN Public Media
