THN Public Media Blog သတင်း နိုင်ငံရေး ဦးမင်းဇင်ကို သူလျှိုလုပ်မှု သံသယနဲ့ ဖမ်းဆီးလိုက်ကြောင်း တရုတ် နိုင်ငံ အတည်ပြု
နိုင်ငံရေး

ဦးမင်းဇင်ကို သူလျှိုလုပ်မှု သံသယနဲ့ ဖမ်းဆီးလိုက်ကြောင်း တရုတ် နိုင်ငံ အတည်ပြု

ဇွန် ၁၂ – ၂၀၂၆

မြန်မာ့အရေး သုတေသနအဖွဲ့ တခုကို ဦးဆောင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင် ကို ဖမ်းဆီးလိုက်တာ မှန်ကန်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနက သောကြာနေ့မှာ အတည်ပြုလိုက်ပြီး၊ ဦးမင်းဇင် ဟာ သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ထိခိုက်အောင် လုပ်မှုတွေနဲ့ သံသယရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ရိုက်တာ သတင်းမှာ ဒီကနေ့ ထုတ်ပြန်ထားတာ ဖြစ်ပြီး

“ဦးမင်းဇင်ဟာ သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေပြီး တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ထိခိုက်အောင်လုပ်တယ်ဆိုတဲ့ သံသယနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဥပဒေနဲ့အညီ ရာဇဝတ်မှုကြောင်းအရ ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တယ်ဆိုတာ သိရတယ်” လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန် သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ကျိုး Guangzhou မြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး အကြောင်းကြားထားပြီးပြီလို့ သူက ထပ်လောင်းပြောဆိုပါတယ်။

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ – မြန်မာ (ISP – Myanmar) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့ဆီ လေကြောင်းခရီးနဲ့ ရောက်ရှိလာပြီးနောက်မှာ ထိန်းသိမ်း ခံခဲ့ရတာဖြစ်တယ်လို့ ဒီအကြောင်းကို သိရှိသူ ၃ ဦးက ပြောပါတယ်။

ဒီကိစ္စဟာ သံတမန်ရေး အရ ထိရှလွယ်တာကြောင့် သူတို့အားလုံးက အမည်မဖော်လိုတဲ့ အခြေအနေနဲ့ ပြောပြခဲ့ကြတာပါ။

ဒီအပေါ် မှတ်ချက်ပေးဖို့ ရိုက်တာ သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းမှုကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ISP-Myanmar အဖွဲ့တို့ဘက်က ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

“ဦးမင်းဇင်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကူမင်းလေဆိပ်မှာတင် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်” လို့ အဲဒီလူတွေထဲက တဦးကပြောပေမဲ့ အသေးစိတ် အချက်အလက်ကိုတော့ ပြောဖို့ ငြင်းခဲ့ပါတယ်။

ref: reuters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version