မတ်လ ၁၃ – ၂၀၂၆
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း နဲ့ စစ်ကော်မရှင်
နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံမှုမှာ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ တရုတ်နိုင်ငံ ရဲ့ ပံပို့ပေးမှု၊ နယ်စပ်ဒေသ အွန်လိုင်း လောင်းကစားနဲ့ တရားမဝင် လုပ်ငန်းတွေ ပူးပေါင်းတိုက်ဖျက်ရေး အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံ တကာမှာ နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်ပေးရေး ဆွေးနွေး ခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media
