နိုင်ငံရေး

တအာင်းတော်လှန်ရေး နေ့ အထိမ်းအမှတ် TNLA ကနေ စစ်သုံ့ပန်း ၁၀၀ ကျော် လွတ်ငြိမ်းခွင့်ပေး

ဇန်နဝါရီ ၁၃ – ၂၀၂၆

မနေ့က ကျရောက်တဲ့ (၆၃) နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီး ထိန်းထိမ်းထားတဲ့ စစ်ကောင်စီတပ် (၁၀၀) ကျော်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်း ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က (၁၀၀)၊ RCSS က (၄) ဦးနဲ့ တခြားအဖွဲ့အစည်းတွေက (၇) ဦး ပါဝင်ပြီး စုစုပေါင်း (၁၁၁) ဦး ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုနဲ့ ဖမ်းဆီးထိိန်းသိမ်းသူတွေကို အခုလို လွတ်ငြိမ်း ခွင့် ပေးလိုက်တာ လို့လည်း ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *