မိုးကုတ်မြို့ကို စစ်တပ်က TNLA တအာင်းတပ် ကနေ လွှဲယူချိန် PDF တပ်ဖွဲ့ တွေနဲ့ တိုက်ပွဲ ဖြစ်လာ နိုင်တယ်ဆိုပြီး မြို့ခံတွေ အလုံးရင်းနဲ့ ဘေးလွတ်ရာကို တိမ်းရှောင် နေကြ ပါတယ်။
မိုးကုတ်မြို့ခံ အများစုဟာ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ၊ ကုန်တင်ကား တွေနဲ့ မဘိမ်း၊ နမ့်ဆန်၊ မန္တလေးမြို့တွေ ဘက်ကို ရွှေ့ပြောင်း နေကြပြီး မြို့အတွင်းမှာတော့ အိမ်စောင့် အနည်းငယ်သာ ကျန်ခဲ့တယ်လို့ မိုးကုတ်မြို့ ခံတွေ ထံက သိရပါတယ်။
“ပလောင်အဖွဲ့က ပြန်ပေးမယ်။ ကျန်တဲ့အဖွဲ့က ပြန်မပေးဘူးနဲ့ ရှုပ်နေတာ။ အခု စစ်တပ် က ပြန်ရောက်လာရင် တိုက်ပွဲက ဖြစ်လာနိုင်တယ်။ မြို့ခံတွေက ကြောက်တော့ ကြိုရှောင် ထားလိုက်တဲ့ သဘောပါ” ဟု မိုးကုတ်မြို့ခံ အမျိုးသား တယောက်က ပြောပါတယ်။
အထူးသဖြင့် ရှောင်ကြတဲ့ အထဲမှာ CDM ဝန်ထမ်းတွေ အပြင် အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်သူတွေက အထူးစိုးရိမ်ပြီး မဖြစ်မနေရှောင်ကြ တယ်လို့ ပြောပါတယ်။
အခုရက်ပိုင်း အတွင်း စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ မိုးကုတ်ကို ရောက်လာ မယ်လို့ သတင်းတွေ ထွက်နေပြီး TNLA ဘက်ကလည်း သူတို့ရဲ့ ရုံးတွေကို ပိတ်သိမ်း နေပြီလို့ မိုးကုတ်မြို့ခံ တွေက ပြောပါတယ်။
“မြို့ထဲမှာ သူတို့ရုံးတွေ ပိတ်ပြီးတော့ ပစ္စည်းတွေ ရွှေ့သွားပြီ။ နည်းနည်းပဲ ကျန်တော့တယ်။ မြို့ပတ်ပတ်လည်မှာ ကတော့ သူတို့ရှိသေးတယ်” လို့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ နေထိုင်သူ တယောက်က ပြောပါတယ်။
အစိုးရနဲ့ TNLA တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းမှာ တရုတ်နိုင်ငံ အစိုးရရဲ့ အကူအညီနဲ့ အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။
ဒီပစ်ခတ်ရပ်စဲမှု အတွင်းမှာ TNLA ဘက်က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ပြန်လွှဲ ပေးမယ်လို့ သဘောတူထားတာ ဖြစ်ပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့ကို သိမ်းပိုက်စဉ်က TNLA တပ်ဖွဲ့အပြင် တခြား တော် လှန်ရေး အဖွဲ့တွေ လည်း ပါဝင်ခဲ့ပါတယ်။
စစ်ကော်မရှင် နဲ့ TNLA တပ်ဖွဲ့တို့ရဲ့ သဘောတူညီချက် တွေကို နှစ်ဘက်လုံးက တိတိ ကျကျ ထုတ်ပြောတာ မရှိသလို တခြားတော်လှန်ရေး တပ်ဖွဲ့တွေလည်း မြို့အနီးမှာ ရှိနေတဲ့ အတွက် မြို့ခံတွေကြားမှာ တိုက်ပွဲတွေ ဖြစ်မှာကို စိုးရိမ် နေရတယ်လို့ မိုးကုတ် မြို့ခံတွေက ပြောပါတယ်။
Photos-ပတ္တမြားမြေ
Crd – VOM
—————————
THN Public Media
