THN Public Media Blog သတင်း နိုင်ငံရေး တွန်းဇံမြို့ကို စစ်တပ်နဲ့ ZRA တပ်တွေ ပြန်ထိန်းချုပ်
နိုင်ငံရေး

တွန်းဇံမြို့ကို စစ်တပ်နဲ့ ZRA တပ်တွေ ပြန်ထိန်းချုပ်

မေ ၂၀ – ၂၀၂၆

ချင်းပြည်နယ်ထဲက ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းထားတဲ့ တွန်းဇံမြို့ကို စစ်တပ်နဲ့ ဇိုမီးတော်လှန်ရေး တပ်မတော် (ZRA-EC) ပူးပေါင်း အဖွဲ့က မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ပြန်လည် သိမ်းပိုက် ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဘက်က လေကြောင်း ပစ်ကူ ဆက်တိုက်သုံးခဲ့သလို အင်အား အများ အပြားနဲ့ မြေပြင် စစ်ကြောင်းထိုးပြီး ZRA-EC အဖွဲ့နဲ့ပါ ပူးပေါင်း ထိုးစစ် ဆင်တိုက်ခိုက် ခဲ့တာကြောင့် ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဟာ တွန်းဇံမြို့ကို လက်လွှတ်ပြီး နောက်ဆုတ်ပေးလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

” ဟုတ်ပါတယ် ။ မနေ့ညကတည်းက သတင်းရပါတယ်။ ။ ချင်းတပ်ဖွဲ့တွေ တွန်းဇံမြို့ကနေ ဆုတ်ပေးလိုက်ရတယ်။ မနေ့က ခုခံတိုက်ရင်းကပဲ အင်အား မမျှလို့ နောက်ဆုတ်ပေးလိုက်ရတယ် သိရတယ်။ စစ်တပ်က ခုနောက်ပိုင်း စစ်ကြောင်းထိုးတာ အင်အား အရမ်းများတယ်။ စစ်ကြောင်း ကလည်း နေရာစုံ ကနေ ဖြန့်ကျက်ပြီး လာတာတွေ့ရတယ်။ ” လို့ စစ်ရေး သတင်း ရင်းမြစ်က ပြောပါတယ်။

စစ်တပ် စစ်ကြောင်းဟာ မေ ၁၁ ရက်နေ့ လောက်ကစပြီး တီးတိန်မြို့ နဲ့ ဘက်လမ်းကြောင်းတွေ ကနေ အင်အား အများအပြားနဲ့ စစ်ကြောင်း ထိုးလာတာ ဖြစ်ကြောင်း ၊ အဲဒီနောက်မှာ စစ်တပ်ပူး ပေါင်းအဖွဲ့တွေနဲ့ ချင်းတိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မေ ၁၈ ရက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ သလို ၁၉ ရက်နေ့မှာ လည်း တိုက်ပွဲ ပြင်းထန် ဖြစ်ပွားခဲ့ပြီးနောက် တပ်က တွန်းဇံမြို့ကို ပြန်လည် ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တွန်းဇံမြို့ နဲ့ ကျီခါးမြို့ကို ပြီးခဲတဲ့ ၂၀၂၄ခုနှစ် မေလထဲမှာ ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး ထိန်းချုပ် ထားတာ နှစ်နှစ်နီးပါး အကြာမှာ စစ်တပ်က ပြန်လည် ထိန်းချုပ် ခဲ့တာ ဖြစ်ပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version