နိုင်ငံတကာ

ထရမ့်ကို စိန်ခေါ်ခဲ့တဲ့ နယူးယောက် မြို့တော်ဝန်သစ်ကို အိမ်ဖြူတော်မှာ ထရမ့် လက်ခံတွေ့ဆုံ၊ မျှော်လင့်ထားတာထက် သဘောတူညီမှု များစွာရ

WASHINGTON, DC – NOVEMBER 21: U.S. President Donald Trump shakes hands with New York City Mayor-elect Zohran Mamdani (L) during a meeting in the Oval Office of the White House on November 21, 2025 in Washington, DC. Trump congratulated Mamdani on his election win as the two political opponents met to discuss policies for New York City, including affordability, public safety, and immigration enforcement. (Photo by Andrew Harnik/Getty Images

နိုဝင်ဘာ ၂၁ – ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က သူ့ကို စိန်ခေါ်ခဲ့တဲ့ နယူးယောက်မြို့ တော်ဝန် အသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဇိုရန် မမ်ဒါနီ ကို အိမ်ဖြူတော်မှာ အံ့သြဖွယ်တွေ့ဆုံမှု ပြုလုပ်ခဲ့ ပြီးနောက် မျှော်လင့် ထားတာထက် သဘောတူညီမှုများစွာ ရရှိခဲ့တယ်လို့ ပြောကြားလိုက် ပါတယ်။

ဒီတွေ့ဆုံမှုမှာ ထရမ့်က မမ်ဒါနီရဲ့ အခုလ အစောပိုင်းက မြို့တော်ဝန် ရွေးကောက်ပွဲ အောင်ပွဲ အတွက် ဂုဏ်ပြုခဲ့ပြီး “ကောင်းမွန်စွာ တာဝန် ထမ်းဆောင်နိုင်လိမ့်မယ်” လိုူ့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

နယူးယောက်မြို့ခံတွေဖြစ်ကြတဲ့ ထရမ့်နဲ့ မမ်ဒါနီတို့ဟာ အရင်က တယောက်ကို တယောက် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

ကိုယ့်ကိုယ်ကို ဒီမိုကရက်တစ် ဆိုရှယ်လစ် လို့ ဖော်ပြလေ့ရှိတဲ့ မမ်ဒါနီကို ထရမ့်က “ကွန်မြူနစ်” လို့ ခေါ်ခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ဒီကနေ့ တွေ့ဆုံရာမှာတော့ ထရမ့်က မမ်ဒါနီ ရဲ့ အမြင်တွေဟာ “အနည်းငယ် ထူးခြားတယ်” လို့ ပြောကြားပြီး “တချို့သော ရှေးရိုးစွဲ သမားတွေကိုပင် အံ့အားသင့်စေနိုင်တယ်” လို့ ဆိုခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း သူတို့နှစ်ဦးဟာ နယူးယောက်မြို့ လူနေမှုစရိတ် မြင့်မားနေတဲ့ ပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့ အတွက်လည်း ကတိပြုခဲ့ကြပါတယ်။

မမ်ဒါနီရော ထရမ့်ပါ အိုဗယ်ရုံးခန်း အတွင်း အငြင်းပွားမှု တစုံတရာ မဖြစ်စေဖို့ အစွမ်းကုန် ရှောင်ရှားခဲ့ကြပုံ ရတယ်လို့ သိရပါတယ်။

photo – getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *