THN Public Media Blog သတင်း War ထိုင်းတော်ဝင် လေတပ်က ထိုင်း-ကမ္ဘောဒီးယား သဘောတူညီချက်တွေ အားလုံးကို ရန်လိုမှုတွေ မရပ်မချင်း ဆိုင်းငံ့ကြောင်း ကြေညာ
War

ထိုင်းတော်ဝင် လေတပ်က ထိုင်း-ကမ္ဘောဒီးယား သဘောတူညီချက်တွေ အားလုံးကို ရန်လိုမှုတွေ မရပ်မချင်း ဆိုင်းငံ့ကြောင်း ကြေညာ

နိုဝင်ဘာ ၁၀ – ၂၀၂၅

ထိုင်းတော်ဝင်လေတပ် (RTAF) က ကမ္ဘောဒီးယား ဘက်ကနေ ရန်လိုတဲ့ လုပ်ရပ် တွေ မရပ်မတန့်မချင်း ထိုင်းနဲ့ ကမ္ဘောဒီးယား အကြား နှစ်နိုင်ငံ သဘောတူညီချက်တွေ အားလုံးကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ကြောင်း ဒီကနေ့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

ထိုင်းလေတပ် ရဲ့ တရားဝင် Facebook စာမျက်နှာမှာ “ထိုင်းတော်ဝင် လေတပ်ဟာ တာဝန်ဝတ္တရားတွေကို ဂုဏ်သိက္ခာ၊ သမာဓိ ရှိရှိနဲ့ နိုင်ငံရဲ့ အကောင်းဆုံး အကျိုးစီးပွားကို ဦးထိပ်ထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်” လို့ ဖေါ်ပြထားပါတယ်။

ဒီကြေညာချက်ဟာ နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ဖရာ ဝိဟာရ ဘုရားကျောင်း နားမှာ ဒီကနေ့ မနက် ထိုင်းစစ်သားတဦး မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ နောက်မှာ အခုလို ထိုင်းလေတပ်က ကြေညာ လိုက်တာ လည်း ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version