နိုင်ငံရေး

“ထိုင်းဖတ်ဒီ” ပါတီက ထိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအရေး NGO တွေကို နှိမ်နင်းသွားမယ်လို့ မဲဆွယ်စည်းရုံး

ဇန်နဝါရီ ၂၈ – ၂၀၂၆

ထိုင်းနိုင်ငံက ရှေးရိုးစွဲဝါဒီ “ထိုင်းဖတ်ဒီ” (Thai Pakdee) ပါတီက သူတို့သာ ရွေးကောက်ခံရရင် ထိုင်းနိုင်ငံထဲက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေး အတွက် ဆောင်ရွက်ပေးနေတဲ့ NGO တွေနဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းနိုင်အောင် ကူညီပေးနေတဲ့ မြန်မာ NGO တွေကို အပြင်း အထန် နှိမ်နင်းသွားမယ်လို့ ကတိပြုထားတဲ့ မဲဆွယ်စည်းရုံးမှု‌တွေ ပြုလုပ်နေ ပါတယ်။

အင်္ဂါနေ့ညက သူတို့ရဲ့ Facebook စာမျက်နှာမှာ ပါတီဒုခေါင်းဆောင် ဖြစ်သူ အမျိုးသမီး ချာဝါလစ် က အခုလို မဲဆွယ် ဗီဒီယို တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုလုပ်ရတဲ့ အကြောင်းရင်း ကတော့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ တချို့သော နယ်မြေဒေသ တွေကို သိမ်းပိုက် စိုးမိုးသွားမှာကို စိုးရိမ်လို့ ဖြစ်ကြောင်း ကိုးကားဖေါ်ပြထားပါတယ်။

ဒါ့အပြင် အခု မြန်မာတွေ ထိုင်းမှာ ရောက်နေတဲ့ အခြေအနေတွေဟာ မွတ်စလင် ရွှေ့ပြောင်း နေထိုင်သူ အများအပြား ရှိတဲ့ ဥရောပနိုင်ငံတွေက အခြေအနေနဲ့ ဆင်တူနေတယ်လို့လည်း အဲဒီပါတီက နှိုင်းယှဉ်ပြောဆိုထား ပါတယ်။

ဒီပါတီဟာ ဘန်ကောက် ဆင်ခြေဖုံးမှာ ဌာနချုပ်ရုံးဖွင့်ထားတာ တဲ့ ပါတီငယ် တခုဖြစ်ပြီး နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ထိုင်းအမျိုးသားရေး သမား က ထောက်ခံအား ပေးတယ်လို့လည်း သိရပါတယ်။

crd – Khaosod

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *