THN Public Media Blog အင်တာဗျူး ထိုင်းရွေးကောက်ပွဲ လူငယ်မျိုးဆက် အသာရမလား – အထူးသုံးသပ်ချက် – ဦးအောင်သူငြိမ်း
အင်တာဗျူး

ထိုင်းရွေးကောက်ပွဲ လူငယ်မျိုးဆက် အသာရမလား – အထူးသုံးသပ်ချက် – ဦးအောင်သူငြိမ်း

လာမယ့်အစိုးရက ညွန့်ပေါင်းဖြစ်မယ်လို့ တွက်ကြပါတယ်… ၄ နှစ်သက်တမ်း အပြည့်လုပ်နိုင်မလားဆိုတာ…’’

ဦးအောင်သူငြိမ်း (ထိုင်းနိုင်ငံရေး သုံးသပ်သူ)

ဖီတာ ဦးဆောင်တဲ့ Move Forward ပါတီ ဖျက်သိမ်းခံရပြီး ဝန်ကြီးချုပ် ၃ ယောက် အပြောင်းအလဲ ဖြစ်ကာ နိုင်ငံရေးဝါဒီ သက်ဆင်ရဲ့ သမီး ဝန်ကြီးချုပ် ခဏတာ ဖြစ်ခဲ့ပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြား ၄ နှစ်သက်တမ်း မပြည့်ခင် ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ ထပ်မံ ကျင်းပရတော့မှာ ဖြစ်ပါတယ်။

ဖီတာတို့ရဲ့ နိုင်ငံရေးမျိုးဆက် အဖြစ် ပြည်သူ့ပါတီ ပေါ်လာပြီး ရွေးကောက်ပွဲ အနိုင်ရဖို့ ရေပန်းစားနေသလို လက်ရှိဝန်ကြီးချုပ် အနုတင် ပါတီကလည်း ညွန့်ပေါင်း ဖွဲ့နိုင်မယ့် အခြေအနေနဲ့ အတူ ဒီမိုကရက်ပါတီ ဝန်ကြီးချုပ်ဟောင်း အဘိဆစ် လည်း ရွေးကောက်ပွဲ မှာ ပြန်ပါလာပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထောင်ကျခံနေရတဲ့ သက်ဆင် ရဲ့ ဖြူထိုင်း ပါတီမှာတော့ သမီးဖြစ်သူ ပေတုန်တန် ပြုကျပြီးနောက် သက်ဆင်ရဲ့ တူဖြစ်သူက ဦးဆောင်ကာ ရွေးကောက်ပွဲကို ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။

အခုလို လက်ရှိ အခြေအနေအောက်မှာ လူငယ်မျိုးဆက်တွေ အသာရလို့ ဝန်ကြီးချုပ် အထိ ဖြစ်လာနိုင်မလား…
ညွန့်ပေါင်းအစိုးရပဲ ဖြစ်လာနိုင်မလား…
အရင်ကလို အထက်လွှတ်တော်ရဲ့ သဘောထားက အဓိကကျနေလား…

ထိုင်းနိုင်ငံ ရွေးကောက်ပွဲ အထူးသုံးသပ်ချက်အဖြစ် ဦးအောင်သူငြိမ်းကို မေးမြန်းတင်ဆက်ထားပါတယ်။


THN Public Media

ထိုင်းရွေးကောက်ပွဲ လူငယ်မျိုးဆက် အသာရမလား - အထူးသုံးသပ်ချက် - ဦးအောင်သူငြိမ်း

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version