နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲ အနိုင်ရ ဘူဂျိုင်ထိုင်း ပါတီ နဲ့ သက်ဆင်ရဲ့ ဖြူထိုင်း ပါတီ တို့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူ

Thailand’s caretaker Prime Minister Anutin Charnvirakul (centre R), leader of the Bhumjaithai party, shakes hands with the Pheu Thai Party’s prime ministerial candidate Yodchanan Wongsawat (centre L) during a meeting at the Bhumjaithai headquarters in Bangkok on February 13, 2026. Thailand’s caretaker Prime Minister Anutin Charnvirakul said February 13 that his Bhumjaithai party, which won the election at the weekend, agreed to form a coalition with jailed Thai ex-premier Thaksin Shinawatra’s party. (Photo

ဖေဖေါ်ဝါရီ ၁၄ – ၂၀၂၆

ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရ ဝန်ကြီးချုပ် အနုတင် ရဲ့ ဘူဂျိုင်ထိုင်း ပါတီ နဲ့ သက်ဆင်ရဲ့ ဖြူးထိုင်း ပါတီ တို့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖို့ မနေ့က သဘောတူ လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အထွေထွေရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ဘူဂျိုင်ထိုင်းပါတီ ဟာ တတိယနေရာ ရတဲ့ ဖြူးထိုင်း ပါတီနှင့် ပူးပေါင်းမှာ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ အစိုးရတရပ်အနေနဲ့ အတူတကွ လက်တွဲ ဆောင်ရွက် သွားမှာဖြစ်ပြီး နိုင်ငံအတွက် ကောင်းမွန်တဲ့ အရာတွေ လုပ်ဆောင် နိုင်ဖို့ နိုင်ငံကို စီမံခန့်ခွဲသွားမှာပါ” လို့ ဖြူထိုင်းပါတီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် အနုတင်က သတင်းထောက် တွေကို ပြောကြားခဲ့ ပါတယ်။

အမတ်နေရာ ၅၀၀ ရှိ ထိုင်း အောက်လွှတ်တော် အတွက် အနုတင် ရဲ့ ပါတီက အမတ်နေရာ ၁၉၃ နေရာ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး လူငယ်တွေ ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲ ရေးဝါဒီ ပြည်သူ့ပါတီ က ၁၁၈ နေရာ နဲ့ လူထုအခြေပြု သက်ဆင်ရဲ့ ဖြူထိုင်းပါတီက ၇၄ နေရာ နဲ့ တတိယ ရရှိ ခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် အနုတင် ရဲ့ ဘူဂျိုင်ထိုင်းပါတီ နဲ့ ဖြူထိုင်းပါတီ တို့ပူးပေါင်း လိုက်ရင် အမတ်နေရာ ၂၆၇ ဖြစ်ကာ လွှတ်တော်မှာ တဝက်ကျော် တဲ့ အတွက် သူတို့အထဲက ဝန်ကြီးချုပ် နေရာရကာ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ထောင်ဒဏ်ကျခံနေရတဲ့ ဘီလီယံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ရဲ့ ဖြူထိုင်းပါတီ က အနုတင်နဲ့ ပူးပေါင်းလိုက်တဲ့ အနုတင်အတွက် လွှတ်တော်အတွင်း မဲအပြတ်အသတ် ရရှိသွားစေမှာ ဖြစ်ပြီး၊ နိုင်ငံရေး မတည်ငြိမ်မှုများအပြီး တည်ငြိမ်တဲ့ ညွန့်ပေါင်း အစိုးရ တရပ် ဖြစ်လာဖို့ လမ်းစ ဖြစ်နိုင်ဖွယ် ရှိပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *