နိုင်ငံရေး

𝐍𝐂𝐆𝐔𝐁 ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း နာရေး နဲ့ 𝐊.𝐍.𝐔 အထွေထွေအတွင်းရေးမှူး ဗဒိုမန်းရှာလားဖန်း ကျဆုံးခြင်း ၁၈ နှစ်မြောက် အတွက် အောက်မေ့ သတိရဖွယ် အထိမ်းအမှတ် ကျင်းပ

ဖေဖေါ်ဝါရီ ၁၄ – ၂၀၂၆

ခေါင်းဆောင် နှစ်ဦးအတွက် အခမ်းအနားကို 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ဒါရိုက်တာ ဒေါက်တာစန်းအောင်က ဦးစီးပြီး ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ ဒီကနေ့ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားမှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 𝗡𝗟𝗗 ဗဟို အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် (𝗖𝗘𝗖) ဆရာ ဟံသာမြင့်၊

𝗔𝗕𝗦𝗗𝗙 ဥက္ကဌ ရဲဘော်သံခဲ၊

မယ်တော်ဆေးခန်း ကလေးအထူးကု ဆရာ ဒေါက်တာသိန်းဝင်း၊ 𝗖𝗵𝗶𝗹𝗱𝗿𝗲𝗻’𝘀 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗖𝗲𝗻𝘁𝗿𝗲 (𝗖𝗗𝗖) ကျောင်းအုပ်ကြီး ဆရာမန်းရွှေနှင်း၊

𝗕𝘂𝗿𝗺𝗮 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗶𝗼𝗻 မှ ဒေါက်တာ မြင့်ချို၊

မယ်တော်ဆေးခန်း 𝗙𝗼𝘂𝗻𝗱𝗲𝗿 𝗗𝗿. စင်သီယာမောင်၊

ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်း တို့ကနေ ဒေါက်တာစိန်ဝင်း နဲ့ ဗဒိုမန်းရှာလားဖန်း တို့ (၂ )ဦး အတွက် အောက်မေ့ သတိရ အမှတ်တရ ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *