ထိုင်းဝန် ကြီးချုပ် အနုတင် (Anutin Charnvirakul) က လွှတ်တော် ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီး အာဏာကို ပြည်သူထံ ပြန်အပ် မယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။
အခု လွှတ်တော်ဖျက်သိမ်းကြောင်း ထိုင်းဘုရင်ထံ တင်ပြချက်ကို ဘုရင် သဘောတူ အတည်ပြု လိုက်ပြီး တော်ဝင်ပြန်တမ်း (Royal Gazette) ထုတ်ပြန်လိုက်ပြီ ဖြစ်လို့ လာမယ့် ၄၅ ရက်ကနေ ရက် ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရတော့မှာ ဖြစ်ပါတယ်။
၂၀၂၆ ရောက်မှာ လွှတ်တော်ဖျက်ပြီး ရွေးကောက်ပွဲ လုပ်ရမှာ ဖြစ်ပေမယ့် အနုတင်က အခုလို လွှတ်တော်ကို စောစီးစွာ ဖျက်သိမ်း လိုက်တာဟာ နိုင်ငံရေး ဖိအားတွေနဲ့ အကျပ်အတည်းတွေ ကြောင့် ဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြ ပါတယ်။
အတိုက်အခံ ပြည်သူ့ပါတီ က အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ စီစဥ် နေတာကို ကာကွယ်နိုင်ဖို့ အတွက် ကြိုတင် ဖျက်သိမ်းလိုက်တာ လည်း ဖြစ်ပါတယ်။
နောက်တခုကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ဒုတိယအကြိမ် ဖတ်ကြားဖို့ အတွက် လွှတ်တော် ပူးတွဲအစည်းအဝေးမှာ အပူတပြင်း ဆွေးနွေး မှုတွေ ရှိခဲ့ပြီးနောက် အခုလို ပါလီမန်ကို ဖျက်သိမ်းလိုက်တာ ပါ။
လွှတ်တော်အမတ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွေကို အတည်ပြုနိုင်ဖို့ အတွက် မဲပေးရမယ့် ပုဒ်မ ၂၅၆/၂၈ ကို ဆွေးနွေး ခဲ့ကြာတာ ဖြစ်ပါတယ်။
—————————
THN Public Media
