ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို ဟာ သူ့နိုင်ငံ အတွင်း လပေါင်းများစွာ ပုန်းရှောင်နေခဲ့ပြီးနောက် သူရရှိတဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့ အန္တရာယ်တွေကြားက နော်ဝေနိုင်ငံကို ထွက်ခွာလာရာ အခုတော့ နော်ဝေကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၅၈ နှစ်အရွယ် မာချာဒိုဟာ ဇန်နဝါရီလ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဗုဒ္ဓဟူးနေ့ည သန်းခေါင်ယံအချိန် နော်ဝေမြို့တော် အော်စလို က Grand Hotel လသာဆောင် ကနေ ထွက်ပေါ်လာပြီး ထောက်ခံသူတွေကို လက်ဝှေ့ယမ်းပြပြီး နှုက်ဆက်ခဲ့ပါတယ်။
ဟိုတယ် အပြင်ဘက်မှာ စုရုံးရောက်ရှိနေတဲ့ ထောက်ခံသူတွေက မာချာဒို ကို အော်ဟစ်အားပေးခဲ့ကြပါတယ်။
နိုဘယ်ဆုပေးရေး အဖွဲ့က မာချာဒို ကို ဗင်နီဇွဲလားနိုင်ငံမှာ “အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီသို့ တရားမျှတပြီး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး သူမရဲ့ ရုန်းကန်ကြိုးပမ်းမှု” အတွက် ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သူ့ရဲ့ သမီးဖြစ်သူ Ana Corina Sosa က မိခင် ကိုယ်စား နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ခံယူခဲ့ပါတယ်။
မာချာဒို ဟာ ဗင်နီဇွဲလားကို လုံခြုံစွာ ပြန်ရောက်နိုင်မလား ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေရာ “ကျွန်မ ပြန်သွားမှာပါ” လို့ မာချာဒိုက ပြောပါတယ်။
“ကျွန်မ အနေနဲ့ အန္တရာယ်တွေကို အတိအကျသိပါတယ်” “ကျွန်မရဲ့ ရည်ရွယ်ချက် အတွက် အသုံးဝင်ဆုံး နေရာမှာ ကျွန်မ ရှိနေမှာပါ” လို့ ပြောပါတယ်။
မာချာဒိုဟာ သည် ဗင်နီဇွဲလား ကနေ ထွက်ခွာဖို့ ပုံစံပြောင်းပြီး စစ်ဆေးရေးဂိတ် ၁၀ ခုကို ဖြတ်ခဲ့ရကာ ကမ်းရိုးတန်း ငါးဖမ်းရွာ တရွာ ကနေ သစ်သားလှေငယ်နဲ့ ရွက်လွှင့်ခဲ့တာလို့ ဆိုပါတယ်။
အခု ခရီးစဥ်ကို အမေရိကန်က ကူညီခဲ့တယ်လို့ မာချာဒိုက ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖေါ်ခြင်း မရှိပါတယ်။
ဗင်နီဇွဲလား အာဏာရှင် လက်ရှိ သမ္မတ နီကိုလက်စ် မာဒူရို ကတော့ အမေရိကန် ရဲ့ ပိတ်ဆို့မှု ကို အကြီအကျယ်ခံနေရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ဗင်နီဇွဲလား ရေနံတင် သင်္ဘောတစီးကို အမေရိကန်က ထိန်းချုပ် လိုက်ပါ တယ်။
သိပ်မကြာခင် အမေရိကန် မြေပြင်တပ်တွေဝင်တော့မယ်လို့လည်း သမ္မတ ထရမ့်က ပြောဆိုထားပါတယ်။
သမ္မတ မာဒူရို ဟာ သူ့နိုင်ငံတွင်းက မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းခြင်း မရှိဘူး ဆိုပြီး အမေရိကန်က အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင် နေတာ ဖြစ်ပါတယ်။
ref: bbc
—————————
THN Public Media
