နိုင်ငံတကာ

ဒါကာလေဆိပ် မီးလောင်လို့ လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းပြီးနောက် ၆ နာရီအကြာ လေယာဉ်တွေ ပြန်လည်ပျံသန်း

An airline plane stands on the tarmac as firefighters try to extinguish a fire that broke out in the cargo section of Hazrat Shahjalal International Airport in Dhaka on October 18, 2025. A large fire swept through the cargo terminal of Bangladesh’s main international airport in Dhaka on October 18, forcing authorities to suspend all flights, officials said. (Photo by Maruf Rahman / AFP) / ALTERNATE CROP (Photo by MARUF RAHMAN/AFP via Getty Images)

အောက်တိုဘာ ၁၈ – ၂၀၂၅

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အဓိက လေဆိပ်ဖြစ်တဲ့ ဒါကာလေဆိပ် ကုန်ပစ္စည်း ဌာနမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လေကြောင်းပြေးဆွဲမှုတွေ ၆ နာရီကြာ ရပ်ဆိုင်းခဲ့ပြီးနောက် အခုတော့ လေယာဉ်ခရီးစဉ်တွေ ပြန်လည် စတင် ပြီဖြစ်ကြောင်း လေဆိပ်အရာရှိ တွေက ပြောပါတယ်။

ပထမဆုံး ပြန်လည်ပျံသန်းတဲ့ ခရီးစဥ်ကိုတော့ ဒေသအချိန် ည ၉ နာရီ ၆ မိနစ် မှာ စတင်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

မီးကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အရပ်ဘက် လေကြောင်း နဲ့ ခရီးသွား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

“မီးလောင်ရတဲ့ အရင်းအမြစ်ကို ဖော်ထုတ်ဖို့နဲ့ နောင်မှာ ဒီလိုဖြစ်ရပ်တွေ မဖြစ်အောင် တားဆီးဖို့အတွက် အစီအမံတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားပါ့မယ်” လို့ ဝန်ကြီးဌာနက ပြောပါတယ်။

လေဆိပ် ကုန်ပစ္စည်းဌာန မီးလောင်မှုကြောင့် လေဆိပ် လုပ်ငန်း လည်ပတ်မှု တွေ ရပ်ဆိုင်းခဲ့ပြီး မီးသတ်ကား ၃၇ စီးခန့်နဲ့ မီးငြှိမ်းသတ်ခဲ့ ရတာ ဖြစ်ပါတယ်။

မီးသတ်ဌာနနဲ့ အတူ စစ်တပ်၊ ရေတပ်နှင့် လေတပ်တို့ကပါ မီးကို ထိန်းချုပ် နိုင်ဖို့ အားဖြည့် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံတကာ လေကြောင်း အမြန်ချောပို့ အဖွဲ့ ရဲ့ ဥက္ကဋ္ဌ ကာဘီယာ အာမက် က မီးလောင်မှုကြောင့် ဆုံးရှုံးမှု ပမာဏကို အတိ အကျ ခန့်မှန်းဖို့ စောလွန်းပေမယ့် အမေရိကန်ဒေါ် လာ ၁ ဘီလျံကျော် ရှိနိုင်ကြောင်း ခန့်မှန်းပြောကြားထားပါတယ်။

မီးလောင်မှုကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ် နှစ်ခုလုံး ထိခိုက်မှု ရှိခဲ့ ပါတယ်။

အခု မီးလောင်မှုဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခု တပတ်အတွင်း တတိယ မြောက် အကြီးစား မီးလောင်မှုဖြစ်ပါတယ်။

အင်္ဂါနေ့တုန်းက ဒါကာရှိ အထည်ချုပ် စက်ရုံ တခုနဲ့ ကပ်လျက်ရှိတဲ့ ဓာတုဗေဒ ပစ္စည်း ဂိုဒေါင် တခု မီးလောင်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး တခြားသူတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ကြာသပတေးနေ့ ကလည်း ချစ်တဂေါင်းရှိ ပို့ကုန် ထုတ်လုပ်မှု ဇုန်တခုက ၇ ထပ် အထည်ချုပ် စက်ရုံ အဆောက်အအုံ တခု မီးလောင်ကျွမ်းခဲ့ ပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက နိုင်ငံတဝန်း မကြာသေးမီက မီးလောင်မှု အားလုံးကို သေချာ စုံစမ်းစစ်ဆေး နေပြီး လုံခြုံရေး တပ်ဖွဲ့တွေ ကလည်း အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ဖို့ လုပ်ဆောင်နေကြောင်း ပြောကြားပါတယ်။

ဖျက်ဆီးလိုစိတ်နဲ့ ရှို့မီးခဲ့တာ ဆိုရင် လျင်လျင်ြမြန်မြန် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်ပြီး၊ ဘယ်လို ရာဇဝတ်မှု၊ လှုံဆော်မှု တွေနဲ့ လူထုဘဝ ဒါမှမဟုတ် နိုင်ငံရေး လုပ်ငန်းစဉ်ကို အနှောင့် အယှက် ပေးတာမျိုး ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဖေါ်ပြထားပါတယ်။

Ref: Reuters

photo: getty

Leave a Reply

Your email address will not be published. Required fields are marked *