မတ်လ ၂၀- ၂၀၂၆
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းဝေးကို ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မှာ စတင်မှာ ဖြစ်ပြီး သမ္မတ ရွေးဖို့ အတွက် လုပ်ငန်းစဥ်တွေ စတင်တော့မှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းကျင်းပမယ့် ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ နာယက အဖြစ် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးအောင်လင်းဒွေးက ဆောင်ရွက်မှာ ဖြစ်ပါတယ်။
လွှတ်တော် နာယက ကနေ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေ တင်မြှောက်ဖို့ အတွက် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် နဲ့ တပ်မတော် အစုအဖွဲ့တွေကို ဖွဲ့စည်းဖို့ တာဝန်ပေးလိုက်မှာ ဖြစ်ပါတယ်။
အဲဒီနောက် နောက်တကြိမ် ပြည်ထောင်စု လွှတ်တော်ခေါ်တဲ့ အခါ ရွေးချယ်ထားတဲ့ ဒုသမ္မတ ၃ ဦးထဲက တဦးကို သမ္မတ အဖြစ် မဲပေး တင်မြှောက်မှာ ဖြစ်ပြီး ကျန် ၂ ဦးက ဒုသမ္မတ ၁ နဲ့ ဒုသမ္မတ ၂ တို့ ဖြစ်လာကြမှာ ဖြစ်ပါတယ်။
ပေါက်ကြားနေတဲ့ သတင်းတွေ အရ လက်ရှိတပ်ချုပ်က သမ္မတ ဖြစ်ပြီး ဒုသမ္မတ ၁ က ဦးညိုစော ဖြစ်ကာ ဒုသမ္မတ ၂ ကတော့ တိုင်းရင်းသားထဲက ဒေါ်ဒွဲဘူ ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ၂၁၃ ဦး နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦး စုစုပေါင်း ၅၈၆ ဦးရှိမှာ ဖြစ်ပါတယ်။
—————————
THN Public Media
