မတ်လ ၁၀ – ၂၀၂၆
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဒီကနေ့ဟာ အီရန်အပေါ် အပြင်းထန်ဆုံး တိုက်ခိုက်တဲ့နေ့ ဖြစ်မယ်လို့ ပြောကြားလိုက် ပါတယ်။
ပန်တဂွန်စစ်ဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပြီး “တိုက်လေယာဉ် အများဆုံး၊ ဗုံးကြဲလေယာဉ် အများဆုံး နဲ့ တိုက်ခိုက်မှု အကြိမ်ရေ အများဆုံး ဖြစ်လိမ့်မယ်” လို့ သူက ဆိုပါတယ်။
သူက သမ္မတထရန့်ရဲ့ စကားကို ထပ်လောင်း ပြောကြားရာမှာ ရန်သူကို မရပ်မနား တရစပ် ချေမှုန်းနေတယ် လို့ ပြောဆိုခဲ့ပြီး “ကျွန်တော်တို့ သတ်မှတ် ထားတဲ့ အချိန်ဇယားအတိုင်း၊ ကျွန်တော်တို့ ရွေးချယ်တဲ့ နည်းလမ်း အတိုင်း လုပ်ဆောင်နေတာဖြစ်တယ်” လို့လည်း ပြောပါတယ်။
အီရန်ဘက် ဒုံးကျည်နဲ့ ပြန်ပစ်နိုင်တဲ့ အခြေအနေ ကတော့ စစ်ပွဲ စတင် ကတည်းက ဒီကနေ့ဟာ ၂၄ နာရီ အတွင်း အနည်းဆုံး ပြန်ပစ်နိုင်တဲ့ နေ့ ဖြစ်တယ်လို့ လည်း ပြောပါတယ်။
“အီရန်ဟာ အခုတော့ အဖော်မဲ့ အထီးကျန်နေပြီ ဖြစ်သလို အကြီး အကျယ် လည်း ရှုံးနိမ့်နေပါပြီ” လို့ Pete Hegseth က နိဂုံးချုပ် ပြောကြားခဲ့ ပါတယ်။
တီဟီရန်မြို့ခံ တဦးကလည်း “မနေ့ညက သူတို့ တော်တော်အပြင်းအထန် တိုက်ခိုက်ခဲ့တယ်။ ကျွန်မတို့ အိမ်မှာ နံရံတွေ အက်ကွဲကုန်တာပဲ မြင်ရတယ်။ အခုဆို အိပ်ရတာဟာ အခက်ဆုံး အလုပ်တခု ဖြစ်နေပြီ” လို့ ပြောပြခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
