ဒီကွင်းဆက်ကြီး တခုလုံးကို ပြန်လည် လေ့လာလိုက်ရင်… ဆန္ဒဂတိ ဆိုတဲ့ အဂတိကို ဘယ်သူတွေ ကျူးလွန်တယ်ဆိုတာ… အဖြေထွက်ပါတယ်….’’
‘’အန်ယူဂျီ က နားလည်နေတဲ့ အဂတိ အနက်ဖွင့် မတူရင်တော့… မပြော တတ်ဘူး…’’
စောဘဦးလေး (တရားလွှတ်တော်ရှေ့နေ – တရားလို အကျိုးဆောင်)
အန်ယူဂျီ ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်း ဖြစ်သူ ဦးညီညီမင်း တို့ကို ဝန်ထမ်းတွေက အဂတိ လိုက်စားမှု အပါအဝင် တခြား ကိစ္စရပ်တွေ အပေါ် တိုင်ကြားခဲ့မှု နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ တွေ့ရှိချက်ကို သတင်းစာ ရှင်းလင်းပွဲပြုလုပ် ချပြခဲ့ပြီ ဖြစ်ပါတယ်။
ဒေါက်တာဇော်ဝေစိုး ဦးဆောင်တဲ့ ဒီ သတင်းစာ ရှင်းလင်းပွဲ အရ ဒေါ်ကြည်ပြာ အဂတိ လိုက်စားမှု မရှိဘဲ ဝန်ထမ်းတွေကို မောက်မာ ပြောဆိုတဲ့ အတွက် ဒေါ်ကြည်ပြာကို ကောင်းကောင်းမွန်မွန်ပြော ဆိုဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ကြောင်း သိရပါတယ်။
ဦးညီညီမင်းကိုတော့ တခြားအမှုတွေ ကျူးလွန်တဲ့ အတွက် လက်ရှိ အလုပ် ကနေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
အခုလို အစီရင်ခံစာ ပါတွေ့ရှိချက်တွေ နဲ့ သတင်းစာ ရှင်းလင်းပွဲ အပေါ် တရားလိုဘက်က လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ စောဘဦးလေး အနေနဲ့ ဘာဆက်လုပ်မလဲ၊ သတင်းစာရှင်းလင်းပွဲက ဆုံးဖြတ်ချက်တွေ အတိုင်း လိုက်နာမှာလား ဆိုတဲ့ သဘောထား အမြင် ကို မေးမြန်း တင်ဆက်ထားပါတယ်။
THN Public Media
