ဖေဖေါ်ဝါရီ ၁၉ – ၂၀၂၆
ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို အဂတိ အပါအဝင် တခြား စွဲချက်တွေနဲ့ တိုင်ကြားထားမှု အတွက် NUG စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ ယုံကြည်လက်ခံဖွယ်ရာမရှိဘူးလို့ ယူဆတဲ့ အတွက် NUG အောက်က တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ကနေ တက္ကသိုလ်ဝင်ခွင့် (စတုတ္ထအကြိမ်) ဆောင်ရွက်ခြင်းလုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ကျူးလွန်ခြင်းခံရသူ စီဒီအမ်ဝန်ထမ်းတွေနဲ့ အတူ တသားတည်း ရပ်တည်ပါကြောင်းလည်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် NUG အနေနဲ့ တိုင်တန်းချက်အတွက် စုံစမ်းစစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေ၊ သက်သေခံချက်တွေကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန် ရှင်းလင်းမှု ပြုလုပ်ပေးဖို့ ကိုလည်း တောင်းဆိုထားပါတယ်။
အခု ကြေညာချက်ဟာ Spring Normal University (SNU) အနေနဲ့ ပါဝင်ခြင်း မရှိပါကြောင်းလည်း ဖြည့်စွက်ဖေါ်ပြထားပါတယ်။
—————-
THN Public Media
–
