မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ လသာမြို့နယ်က ပြည်သူ့ လွှတ်တော် နေရာ အတွက် ဝင်ရောက် ယှဥ်ပြိုင်တဲ့ ဒေါ်စန္ဒာမင်း ရှုံးနိမ့်သွားပါတယ်။
လသာမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၇၀၀၀ ကျော် ရှိတဲ့ အနက် မဲပေးသူ ၆၇၆၀ ပဲ ရှိတယ်လို့ သိရပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ၂၁၃၇ မဲနဲ့ ပြည်သူ့လွှတ်တော် အတွက် အနိုင်ရရှိသွားပြီး ဒေါ်စန္ဒာမင်းက ၁၃၉၆ မဲနဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်။
ဒုတိယလိုက်သူက တစည ပါတီက ဖြစ်ပြီး ၁၅၃၁ မဲ ရကာ PPP ၁၁၀၀ နဲ့ တောင်သူလယ်သမား ပါတီက ၅၉၆ ရရှိခဲ့ပါတယ်။
ပြည်သူ့ပါတီ ကတော့ လသာမြို့နယ်က ဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိပါ။
အခုလို ရှုံးနိမ့် သွားတဲ့ အပေါ် ဒေါ်စန္ဒမာခင်းက ‘’ကျမကို မဲလာပေးကြသော လသာမြို့နယ်မှ တစ်ဦး တစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးအထူး တင်ရှိပါတယ် အကန့်အသတ် များစွာ ထဲက မဲဆွယ်ခွင့် ရရှိ သလောက်နဲ့ ရရှိလာတဲ့ ရမှတ်တိုင်းကို တန်ဖိုးထားပါတယ်’’ လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသား ဖေါ်ပြထား ပါတယ်။
—————————
THN Public Media
