THN Public Media Blog သတင်း နိုင်ငံရေး ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့သွားတွေ့မယ်၊ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တာ ရှေ့နေ အတည်ပြု
နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့သွားတွေ့မယ်၊ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တာ ရှေ့နေ အတည်ပြု

မေလ ၁ – ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့ လိုက်ပြီးနောက် သူ့ရဲ့ ရှေ့နေအဖွဲ့ဟာ မကြာခင်မှာ သွားရောက် တွေ့ဆုံဖို့ စီစဉ်နေကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ နေပြည်တော်မှာပဲ ရှိနေဆဲဖြစ်ပြီး ကြာသပတေးနေ့ညက သူ့ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တာ အတည်ပြုနိုင်တယ်လို့ ရှေ့နေ အဖွဲ့ဝင်တဦးက ရိုက်တာကို ပြောကြား တယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့တုန်းက နိုင်ငံပိုင် မီဒီယာတွေ ကနေ သူ့ကို သတ်မှတ် ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့မယ်လို့ သတင်းထုတ်ပြန် ခဲ့ပေမဲ့ ဘယ်နေရာ ကို ပို့တယ် ဆိုတာကိုတော့ ဖေါ်ပြခြင်းမရှိပါ။

ရှေ့နေအဖွဲ့ အနေနဲ့ အသက် ၈၁ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့် တနင်္ဂနွေနေ့ တွေ့ဆုံတဲ့အခါ သူ့ရဲ့ အခြေအနေတွေကို ဆွေးနွေဖို့နဲ့ အစားအသောက်၊ ဆေးဝါး စတဲ့ ပစ္စည်းတွေ ပေးပို့ဖို့ ရှိနေပါတယ်။

တနင်္ဂနွေနေ့တိုင်း ပစ္စည်းတွေ ပို့ပေးနေတာဟာ ရှေ့နေအဖွဲ့ရဲ့ ပုံမှန် လုပ်ဆောင်မှု တခု ဖြစ်တယ်လို့လည်း ကိုယ်စားလှယ်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကို ရောက်နေပြီ ဖြစ်တာကြောင့် အရင်လိုပဲ ပစ္စည်းတွေ သွားပို့ရင်းနဲ့ ရှေ့နေ အဖွဲ့လိုက် တွေ့ဆုံပြီး နောက်ထပ် လုပ်ဆောင်ရမယ့် ဥပဒေရေးရာ ကိစ္စတွေကို ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ ရှေ့နေ အဖွဲ့ဝင်က ပြောပါတယ်။

နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာ သိမ်းချိန်ကစလို့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်မှာထားတယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version