ကျွန်တော်လုပ်နိုင်တာတွေ လုပ်နိုင်သလောက်လုပ်… ကျွန်တော်နဲ့ ကပ်ပါလာတာ ဗမာပြည် ဖြစ်လိမ့်မယ်…’’
ဦးဌေးတင့် (နယ်သာလန် ဒေသန္တရ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း)
နယ်သာလန်နိုင်ငံ မြို့တော် အက်စတာဒမ်တောင်ပိုင်း Amstelveen မြို့မှာ မတ်လ ၁၈ ရက်နေ့ ကျင်းပမယ် ဒေသန္တရ အုပ်ချုပ်ရေး အတွက် ရွေးကောက်ပွဲမှာ မြန်မာပြည်ဖွား ဦးဌေးတင့် ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံမှာ မြန်မာပြည်ဖွားတဦး အနေနဲ့ ဦးဌေးတင့်က ပထမဆုံး ဝင်ရောက် ယှဥ်ပြိုင်တာလည်း ဖြစ်ပါတယ်။
သူဘယ်ပါတီ ကိုယ်စားပြု ဝင်ရောက်မှာလဲ
ဘာကြောင့် ဝင်ပြိုင်တာလဲ
ဘာတွေ ရည်မှန်းထားလဲ
ဘာတွေ ဖြစ်လာမှာလဲ
အနိုင်ရခဲ့သော်….
စတဲ့ အမေးတွေ အတွက် ကိုယ်စားလှယ်လောင်း ဦးဌေးတင့်က ဖြေကြား ထားပါတယ်။
