NSPNC က ဦးဆောင်ပြီးတော့ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Youth Peace Forum 2026) ကိုဖွင့်လှစ်ကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို စစ်ကော်မရှင် ဥက္ကဌ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားခဲ့ပါတယ်။
ဒီဖိုရမ်ကို မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပတာ ဖြစ်ပြီး ဒီကန့ ဇန်နဝါရီ ၁၃ ရက်နေ့ ကနေ ဇန်နဝါရီ ၁၅ ရက်နေ အထိ ၃ ရက်တိတိ ပြုလုပ်မှာဖြစ်ပါတယ်။
တိုင်းပြည်ငြိမ်းချမ်း တည်ငြိမ်ရေးမှာလူငယ်တွေ ပါဝင်ဆာင်ရွက်မှု အရေးကြီးကြောင်း အပါအဝင် ရည်ရွယ်ချက် ၆ ချက်နဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။
ဖိုရမ်ကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက လူငယ်တွေပါ တက်ရောက်ကြပြီး JMC မှ လူငယ်ကိုယ်စားလှယ်တွေ အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အဖွဲ့ အစည်း အတော်များများက လူငယ်တွေ တက်ရောက်ကြတယ်လို့သိရပါတယ်။
NSPNC – အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ
crd – VOM
—————————
THN Public Media
